အခန်း (၇)

1.6K 264 6
                                    

Unicode

နောက်တစ်​နေ့၌

တံတား​အောက်ရှိ ယဲဖန်ဆိုင်ခန်း​​ရှေ့တွင် ဇိမ်ခံကားတစ်ချို့ ရပ်လိုက်သည်။ ကျန့်ဟိုက်လင် ကားမှထွက်လာသည်ကို ကြည့်​နေရင်း ဆရာကြီးယွမ်သည် သူ့မုတ်ဆိတ်​မွေးကို ထိကာ 'ငါတကယ်ကို ထိုးထွင်းသိမြင်နိုင်တာပဲ။ အဲ့ဒီ ဒုတိယမျိုးဆက်သူ​ဌေးသား​တွေက ဒုက္ခရှာဖို့ ပြန်လာလိမ့်မယ်ဆိုတာ ငါသိတယ်။ အ​ဆောင်​တွေ​ရောင်းတဲ့ ​ကောင်​လေးက တကယ်ကို အကြီးကြီးပဲ'

"ဒုတိယအကို မင်း​ပြောတဲ့လူက ဘယ်မှာလဲ" ချန်ယွီသည် ပတ်ပတ်လည်ကို ကြည့်ရင်း​ မေးလိုက်သည်။

ကျန့်ဟိုက်လင်သည် မျက်​မှောင်ကြုတ်ပြီး "သူ မလာဘူး" ဟု​ပြောလိုက်သည်။

ချန်ယွီသည် "ဘာ? ဘာလို့လဲ" ​မေးလိုက်သည်။

ကျန့်ဟိုက်လင်သည် မျက်​မှောင်ကြုတ်ကာ "ငါမသိဘူး။ တစ်ခုခုဖြစ်​နေတာ ဖြစ်လိမ့်မယ်"

ချန်ယွီသည် စိုးရိမ်တကြီးနှင့် "မဖြစ်ဘူး။ ငါတို့က ​စောင့်ဖို့ တတ်နိုင်​ပေမဲ့ ငါတို့အကိုကြီးက​တော့ မလုပ်နိုင်ဘူး"

ကျန့်ဟိုက်လင်သည် အံကြိတ်ရင်း "စိတ်​လျော့။ သူ မလာရင် သူ့ကို ငါတို့သွားရှာမယ်။ ငါ သူ့ကို အရင်က တစ်​နေရာမှာ မြင်ဖူး​​​နေတယ်လို့ အမြဲခံစားရပေမဲ့ ငါသတိမရ​တော့ဘူး"

သူတို့၏စိုးရိမ်​ကြောင့်ကြ​နေသည်ကို​တွေ့​တော့ ဆရာကြီးယွမ်သည် ဒီ​နေရာကို ဒုက္ခလာရှာရန်မဟုတ်​​ကြောင်း နှင့် ယဲဖန်ကို မျက်နှာသာ​ပေးရန်လာရှာ​ကြောင်း ​နောက်ဆုံး သိလိုက်ရသည်။ ဆရာကြီးယွမ်သည် ​ကြောက်ရွံထိတ်လန့်သလို ခံစားလိုက်ရသည်။

"ဒုတိယအကို အဲ့လူက မင်းဆီမှာ သရဲအ​ငွေ့အသက်​တွေရှိတယ်လို့​ ပြောနိုင်တယ်။ သူက ဆရာသခင်တစ်​ယောက် ဖြစ်မယ်။ သူ့နာမည်ကတ် ဒါမှမဟုတ် ဖုန်းနံပါတ်ပဲဖြစ်ဖြစ် ဘာလို့ မ​တောင်းခဲ့တာလဲ"

ကျန့်ဟိုက်လင်သည် သူ့မျက်လုံးကို လှိမ့်ကာ "အဲ့တုန်းက ငါလဲ ဒီ​လောက်အများကြီး ဘယ်လိုလုပ်​တွေးနိုင်မှာလဲ" အဲ့လူက လူလိမ်နဲ့​တောင် တူ​နေ​သေးတယ်။ ဘယ်လိုဆရာသခင်က သူ့ဆိုင်ခန်း​ရှေ့မှာ KFCကြက်​ကြော် စားမှာလဲ။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now