အခန်း (၂၀)

1.6K 234 17
                                    

Unicode

ယဲဖန်သည် ​ခေါင်းငုံပြီး ဝူ​ဟောက်ချန်ကို ကြည့်ကာ "​ကောင်​လေး မင်းဝိတ်နည်းနည်းချပြီး အစားလျော့စားသင့်တယ်ဆိုတာ မင်းသိလား"

ကြက်​​တောင်ပံကို ကိုင်ထားကာ ​ပြ​န်ဖြေသည် "ဦး​လေးဖန် မင်းနှ​မြောမတွန့်တိုပါနဲ့။ ​ဒေါ်​လေးကို လိုက်မယ့် မင်းက သ​ဘောထားမကြီးသင့်ဘူးလား။ မင်းက နှ​မြောတွန့်တို​နေရင် ဘယ်သူက ဦး​လေးကို လက်ထပ်ချင်မှာလဲ"

ယဲဖန်သည် "မင်းက မင်းအ​ဒေါ်ကို သိလို့လား။ မင်းဝတုတ်​လေး မင်းက ဘယ်လိုလုပ် သူနဲ့ယှဥ်လို့ရနိုင်မလဲ။သူက ငါနဲ့အိပ်မယ့်လူကွ"

"ဦး​လေးဖန် မင်း မရှက်ဘူးလား"

ချန်ယွီ "....." သူက သခင်​လေးပိုင်ကို ​ပြောတာလား။

"ဦး​လေးဖန် ကျွန်​တော့်ကို ဘာဂါနှစ်ခု​လောက် မှာ​ပေးပါအုံး" ဝူ​ဟောက်ချန်က ​ပြောသည်။

"အဲ့ဒီပြန်​ပေးဆွဲတဲ့သူ​တွေက တစ်ရက်လုံး တစ်ခုခု စားဖို့ မ​ပေးဘူးလား။ မင်းကို ကြည့်ရတာ တစ်နှစ်လုံး မစားရ​သေးတဲ့ပုံနဲ့။ ဟမ်ဘာဂါလဲ မရဘူး။ မင်းဗိုက်ကိုလဲ ကြည့်အုံး။ မင်းဝိတ်ချသင့်နေပြီဆိုတာ မင်းသိလား" ယဲဖန်သည် မ​ကျေမနပ် ​ပြောလိုက်သည်။

ဝူ​ဟောက်ချန်သည် ယဲဖန်ကို မ​ကျေနပ်မှုများအပြည့်ဖြင့် စိုက်ကြည့်​နေသည်။

"သခင်​လေးယဲ ဒီတစ်နပ်အတွက် ငါရှင်း​ပေးပါရ​စေ" ချန်ယွီသည် သ​ဘောထားကြီးစွာ ​ပြောလိုက်သည်။

"အိုး ဒါက ​ကောင်းပြီ​လေ။ ဒါဆို ငါ မိသားစုဆိုဒ်ဘူးကြီး နှစ်ဘူး မှာလိုက်မယ်" ယဲဖန်သည် စိတ်လှုပ်ရှားစွာ ​ပြောသည်။

ဝူ​ဟောက်ချန်သည် အမြန် ​ပြောလိုက်သည် "ကျွန်​တော် သစ်သီး​ရေခဲမုန့်နဲ့ ကြက်ဥဌာပနာမုန့် စားချင်တယ်"

ချန်ယွီ "....."

ဝူ​ဟောက်ချန်သည် ဟမ်ဘာဂါ​ကို အ​လောတကြီးစား​နေစဥ်တွင် ချန်ယွီသည် အစားအစာတစ်ပုံတစ်​ခေါင်းကြီးကို မှာယူလိုက်သည်။

"သခင်​လေးယဲ အဲ့ဒီလူမိုက်တွေ အစားအဆိပ်သင့်တယ်​လို့ ပြောတာက တကယ် သင့်​လျော်ပါ့မလား" ချန်ယွီသည် အ​အေး​သောက်​နေသည့် ယဲဖန်ကို ကြည့်ပြီး ​မေးလိုက်သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now