အခန်း (၂၇)

1.4K 218 3
                                    

Unicode

ဝူမိသားစုတွင်

ထန်နင်သည် ​ဆောက်လုပ်​ရေးအတုံးများနှင့် ကစား​နေသည့် ဝူ​ဟောက်ချန်ကို ကြည့်ကာ ​မေးလိုက်သည် ​"ဟောက်ချန် အဲ့​နေ့တုန်းက မင်းကို မင်းရဲ့ ဦး​လေးဖန်က ဘယ်လိုကယ်ခဲ့တာလဲ"

"သူက ကျွန်​တော့်ရဲ့ရုပ်ပြစာအုပ်ကို ယူပြီး ကျွန်တော့်တည်​နေရာကို ​ခြေရာခံဖို့ စက္ကူလူသား လုပ်ခဲ့တယ်လို့ နျန်နျန်က ​ပြောတယ်။ ပြီး​တော့ ကျွန်​တော့်ကို ရှာ​တွေ့ခဲ့ပြီး အပြင်ကို ​ခေါ်ထုတ်လာခဲ့တာ" ဝူ​ဟောက်ချန်က စိတ်မရှည်စွာ ​ပြောလိုက်သည်။

"ဘယ်လို စက္ကူလူသားတုန်း" ထန်နင်က ​မေးသည်။

"စက္ကူလူသားပါဆို စက္ကူလူသားပဲ​​​ပေါ့။ အ​မေ ကျွန်​တော့်ကို ​မေး​နေတာ အကြိမ်တစ်ရာ​လောက်ရှိ​နေပြီ" ဝူ​ဟောက်ချန်က မ​ကျေမနပ်​ပြောလေသည်။

ထန်နင်က ကိုးရိုးကားရားပြုံးလိုက်ကာ "မင်းသိပါတယ်။ အ​မေက ​သေချာမမှတ်မိလို့ပါ"

ဝူ​ဟောက်ချန်သည် သူမအား စိတ်ပူစွာ ကြည့်လိုက်ကာ "အ​မေ မင်းက အရမ်းငယ်​သေးတာကို ဆိုးရွားတဲ့မှတ်ဥာဏ်ရှိ​နေရတာလဲ။ ဒါက မ​ကောင်းဘူး​နော်"

ထန်နင်က ​ခေါင်းခါ၍ ကူကယ်ရာမဲ့စွာ ဆို​လေသည် "မင်းအ​​ဖေက မကြာခင် ပြန်လာ​တော့မယ်ဆို​တော့ အ​မေအပြင်ထွက်ပြီး သွားကြည့်လိုက်အုံးမယ်"

"အားနင် မင်း ငါ့ကို ဖုန်းဆက်ပြီး ​ဟောက်ချန်ဆီမှာ တစ်ခုခု ဖြစ်လို့ဆို။ ဘာထပ်ဖြစ်ပြန်တာလဲ" ဝူစီဟန်သည် သူ့လက်ဆွဲအိတ်ကို ချရင်း စိတ်ပူစွာ ​မေးလိုက်သည်။

"ကံ​ကောင်းစွာနဲ့ ဒီတစ်ကြိမ်က အချက်​ပေးသံ မှားယွင်းသွားတာ။ ဒီ​​နေ့ ငါ သူ့ကို ​စျေးဝယ်ထွက်ဖို့ ​ခေါ်သွား​တော့ တိရိစ္ဆာန်​ဆေးရုံ​ရှေ့က ဖြတ်သွားရတယ်​လေ။ ဖျား​နေတဲ့​ခွေးတစ်​ကောင်က ​ပြေးထွက်လာပြီး သူ့ကို ကိုက်မိလုနီးပါးပဲ။ အဲ့အချိန်မှာ သူ့ကိုယ်​ပေါ်က ​ကျောက်စိမ်းဆွဲသီးက အလင်း​ရောင်​တွေ ထွက်​ပေါ်လာပြီး အဲ့​ခွေးကို ​​လေထဲ ပစ်ထုတ်လိုက်တယ်။ ယဲဖန်က သူ့ကို ​ပေးထားတဲ့ တစ်ခုဆိုတာ မင်းသိပါတယ်" ထန်နင်က ​ပြောသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now