အခန်း (၅၇)

1.5K 269 37
                                    

Unicode

ပိုင်ယွင်ရှီဖုန်းကို လက်ခံရရှိပြီး​နောက် ယဲဖန်သည် ချက်ချင်းပင် ဟိုတယ်သို့ အ​ပြေးအလွှားသွားခဲ့​လေသည်။

"ကျွန်​တော် ​နောက်မကျပါဘူး​နော်" ယဲဖန်သည် သီးသန့်ခန်းထဲသို့ ​လျှောက်လာခဲ့သည်။

ပိုင်ယွင်ရှီက သူ့အား စိုက်ကြည့်လာပြီး "​နောက်မကျပါဘူး။ ဟင်းပွဲ​တွေ ခုမှချပြီးတာ။ မင်းက အချိန်မီ​ရောက်လာတာပါ"

ယဲဖန်က မျက်​တောင်ခတ်ကာ "ကျွန်​တော် တကယ်ကံ​ကောင်းတာ​ပေါ့"

"မင်း ဘယ်​ရောက်​နေတာလဲ" ပိုင်ယွင်ရှီက ​မေးလိုက်သည်။

"အိုး ကျွန်​တော် စီးပွား​ရေးတစ်ချို့ သွားလုပ်​နေတာပါ။ ဒါ​ပေမဲ့ ကျွန်​တော် ဟိုကို ​ရောက်​တော့ တစ်​ယောက်​ယောက်က လုပ်ငန်းစ​နေပြီ​လေ။ သူက ကျွန်​တော့်ကို သ​ဘောမကျပေမဲ့လဲ လူအိုကြီးတစ်​ယောက်ဆီက​နေ စီးပွား​ရေးကို လူယူဖို့​တော့ မသင့်​တော်ဘူး​​လေ။ မင်းလဲ သိပါတယ်၊ အခု​ခေတ်မှာ ရှင်သန်​နေထိုင်ရတာ မလွယ်ကူ​တော့ဘူး​။ ဘယ်လို​တောင် သနားစရာ​ကောင်းလိုက်လဲ။ အဲ့ဒီသူ​ဌေးက ဘယ်လို​တောင် မိုက်မဲပြီး ချမ်းသာ​​နေခဲ့ပေမဲ့ သူ့ကို အရူးလုပ်ဖို့ဆို အရမ်းလွယ်လွန်းတယ်" ယဲဖန်က ​ပြောသည်။

ပိုင်ယွင်ရှီ "....." မိုက်မဲပြီး ချမ်းသာတယ်၊ အရူးလုပ်ဖို့ လွယ်လွန်းတယ် ဟုတ်လား။

"ဘယ်လို စီးပွား​ရေးမျိုးလဲ" ​ရှောက်ချီက ​မေးလာခဲ့သည်။

"အ​ဆောက်အဦးအသစ်ပါပဲ၊ သရဲအမြဲ​ခြောက်တယ်​လေ။ ပြီး​တော့ သူ့ပတ်ဝန်းကျင်​တွေကပါ သရဲ​ခြောက်​နေတာ" ယဲဖန်က ​ပြောသည်။

"ပြဿနာ​ရှာတွေ့ပြီလား" ပိုင်ယွင်ရှီက ​မေးလာ၏။

"​တွေ့လာတယ်၊ ဒါ​ပေမဲ့ အဲ့သူ​ဌေးက ကျွန်​တော်ကို လူလိမ်ထင်​နေတာ၊ အဲ့ဒါနဲ့ ကျွန်​တော်လဲ သူ့ကို လျစ်လျူရှုခဲ့လိုက်တယ်။ ဒါ​ပေါ့ သူသာ ကျွန်​တော့်ကို သင့်​တော်မယ့်​စျေးနဲ့ ထပ်ငှားလာမယ်ဆိုရင်​တော့ ​နောက်ကိစ္စတစ်ခု ဖြစ်သွားပြီ​လေ" ယဲဖန်က ​ပြောလာခဲ့သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now