အခန်း (၇၃)

1.4K 246 37
                                    

Unicode

ဦးညွှတ်လိုက်ပြီး​နောက် မန်​နေဂျာသည် ပိုင်ယွင်ကျင်းနှင့် တခြားလူများကို သီးသန့်ခန်းထဲသို့ ပို့​ဆောင်​ပေးခဲ့သည်။

​ဘေးနားတွင် အတင်း​ပြော​နေသည့် စားပွဲထိုးမ​လေးနှစ်​ယောက်သည် အံ့သြထိတ်လန့်သွားကာ "နင်​တွေ့လား။ ငါတို့မန်​နေဂျာကို အရင်က ဒီလိုမျိုးတစ်ခါမှ မ​တွေ့ခဲ့ဖူးဘူး။ ဒီဧည့်သည်​တွေက ပိုင်မိသားစုကလူ​တွေ ဖြစ်​တဲ့ပုံပဲ"

"အဲ့ဒီသူ​ဌေးလိုကောင်က ပိုင်မိသားကလူ​တွေနဲ့ တကယ် သိလိမ့်မယ်လို့ မထင်ထားမိဘူး။ မယုံကြည်နိုင်စရာပဲ"

"အခု​ခေတ်မှာ မင်းက အ​ပေါစားဆန်​​နေရင်​တောင် ချမ်းသာ​နေရင် အဆင်​ပြေမှာပဲ။ ဒီ​ကောင်က အရမ်းချမ်းသာတာပဲ ဖြစ်လိမ့်မယ်"

ယဲဖန်သည် ပိုင်ယွင်ကျင်း​နောက်မှ သီးသန့်ခန်းထဲသို့ လိုက်သွားခဲ့ရာ ၎င်းသည် ဇိမ်ကျပြီး ​ကြော့ရှင်းသလို အလှဆင်ထားကာ ပတ်ဝန်းကျင်သည်လည်း အပြင်ဘက်ကထက် ပို​ကောင်း​လေသည်။

"အကိုကြီး ဘယ်ချိန်ကတည်းက ကြိုတင်မှာထားတာလဲ" ယဲဖန်က ​မေးလိုက်၏။

"​နေ့လည်နှစ်နာရီ​လောက်တုန်းက​လေ" ပိုင်ယွင်ကျင်းက ပြန်​ဖြေ​ပေးလိုက်၏။ 

ယဲဖန် မျက်ခုံးနှင့် နှာ​ခေါင်းတို့က ရှုံတွသွားကာ "တကယ်လား။ ဒါ​ပေမဲ့ ကျွန်​တော် မနက်ခင်း ဘွတ်ကင်တင်တုန်းက သူတို့​တွေက စားပွဲဝိုင်းအားလုံး ပြည့်သွားပြီလို့​ပြောခဲ့တာ။ အဲ့ဒါနဲ့ ကျွန်​တော်လဲ သီးသန့်ခန်းရှိရင် ကျွန်​တော်အတွက် တစ်ခန်း​လောက် လုပ်​ပေးပါလို့​တောင် သူတို့ကို ​ပြောခဲ့တာ။ ဟမ့် သူတို့​တွေ ကျွန်​တော့်ကို လိမ်​ပြောခဲ့တာပဲ။ သူတို့ကို သင်ခန်းစာတစ်ခု​လောက်​တော့ သင်​ပေးရမယ်"

ယဲလင်းသည် မျက်​မှောင်ကြုတ်သွားပြီး အနည်းငယ်ရှက်ရွံသလိုခံစားလိုက်ရသည်။ ယဲဖန် ငတုံး​ကောင်။ ဒီကစီးပွား​ရေးက အရမ်း​ကောင်း​​လေသည်။ ရုံးဖွင့်ရက်မှာ​တောင် စားပွဲဝိုင်းအားလုံးက ပြည့်​နေပြီးသားပင်။ သီးသန့်ခန်းတစ်ချို့​လောက်သာ ကျန်ရှိ​နေခြင်းပင်။ ၅ရက်၊ ၆ရက်​လောက်ကြိုတင်မှာထားရင်​တောင် စားပွဲတစ်ဝိုင်းရဖို့​တောင် မဖြစ်နိုင်​ပေ။ ပိုင်ယွင်ကျင်း ကြိုတင်မှာလို့ရသည့်အ​ကြောင်းအရင်းမှာလဲ သူ၏ထူးခြားသည့် အဆင့်အတန်း​ကြောင့်ပင် ဖြစ်သည်။ 

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now