အခန်း (၈၁)

1K 206 12
                                    

Unicode

ယဲဖန်သည် ဧည့်ခန်းထဲတွင် တီဗီကြည့်​နေရင်း ထိုင်​နေစဥ် ချိုက်ကျန်ကျွင်းဟာ သူ့​ရှေ့တွင် အဆာ​ပြေမုန့်ထုပ်များကို ချလိုက်သည် "သူ​ဌေးယဲ မင်း​တောင်းထားတဲ့ သခွားသီးအရသာ၊ ဒူးရင်းသီးအရသာနဲ့ ခရမ်းချဥ်သီးအရသာ​တွေ၊ အဲ့ဒါ​​တွေအားလုံးက ဒီမှာ​နော်"

ယဲဖန်ဟာ ​ခေါင်းငြိမ့်ရင်း "​ကောင်းတယ်၊ ​ကောင်းတယ်"

"သူ​ဌေးယဲ ဒီ​​နေ့ မင်းနဲ့ ကျွန်​တော့်အကိုကြီးတို့​တွေ ကားပြိုင်ပွဲတစ်ခု ပြုလုပ်ခဲ့တယ်လို့ ကြားတယ်​"

ယဲဖန်က ​ခေါင်းငြိမ့်ကာ "ဟုတ်တယ်၊ ဒီ​နေ့ မင်းအကိုကြီးက အရှိန်​ကျော်မောင်းခဲ့တာ​လေ။ ဒါ​ကြောင့် ယာဥ်ထိန်းစီမံခန့်ခွဲ​ရေးဗျူရိုက မကြာမီ သူ့အတွက် ပြဿနာလာရှာတော့မှာ"

ချိုက်ကျန်ကျွင်း "....."

"သူ​ဌေးယဲ ​ကျေးဇူးတင်ပါတယ်" ချိုက်ကျန်ကျွင်းသည် ရိုးရိုးသားသားဆိုလာခဲ့သည်။

"ငါက ပိုက်ဆံရတယ်​ ဒါ​ကြောင့် ငါက ငါ့အလုပ်ငါလုပ်တယ်။ ငါက မင်းပိုက်ဆံကို လက်ခံခဲ့ကတည်းက မင်းအကိုကြီးရဲ့ ​ဘေးကင်းလုံခြုံမှုက ငါ့အလုပ်ပဲ​လေ။ ဒါ​ပေါ့ မင်းအကိုကြီးသာ အလယ်မှာ ​သေဆုံးသွားခဲ့ရင်​တော့ ​နောက်ဆုံးလက်ကျန်​ငွေကို ငါမ​တောင်းပါဘူး။ စိတ်မပူပါနဲ့။ ငါက အရည်အချင်းရှိတဲ့ စီးပွား​ရေးသမားတစ်​ယောက်ပါ" ယဲဖန်သည် ချိုက်ကျန်ကျွင်းပုခုံးကို ပုတ်​နေရင်း ​ပြောလိုက်၏။

"သူ​ဌေးယဲ ကျွန်​တော့်အကိုကြီးက တစ်ခါတစ်​လေ စိတ်ရှုပ်ဖို့ ​ကောင်း​ပေမယ့် သူကို​တော့ အသက်ရှင်​စေချင်​သေးတယ်။ သူ တကယ်​သေဆုံးသွားရင် ကုမ္ပဏီတစ်ခုလုံးအတွက် မြင်းတစ်​ကောင်လို ​ဆောင်ရွက်ဖို့ ကျွန်​တော့်အလှည့် ​ရောက်လာ​တော့မှာ။ ကျွန်​တော်အဲ့ဒီလို ဘဝမျိုး မလိုချင်ဘူး" ချိုက်ကျန်ကျွင်းက ခါးသီးစွာ ဆိုလာ၏။

ချိုက်ကျန်ကျွင်းနှင့် ယဲဖန်တို့ ကြားရှိ စကားဝိုင်းကို နားထောင်​နေရင်း ကျန်ပင်း၏နှုတ်ခမ်း​ထောင့်များ တွန့်သွား​လေ၏။ 

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now