အခန်း (၉၀)

1K 259 53
                                    

Unicode

ကျောက်ရှီကုမ္ပဏီတွင်

"မင်း ကြယ်ပွင့်တစ်ဦးဖြစ်ချင်တယ်လို့ ငါ့အကိုကြီးဆီက ကြားခဲ့တယ်"

ယဲဖန်က ​ခေါင်းငြိမ့်လိုက်ပြီး "ဟုတ်တယ်​၊ ငါ့ကို ကြည့်လိုက်​လေ။ ငါက ကြယ်ပွင့်တစ်ဦးဖြစ်မလာဘူးဆို သနားစရာမ​ကောင်းဘူးလား။ ငါသာ ​ကျော်ကြားသွားပြီဆိုရင် မင်းကုမ္ပဏီအတွက် ambassadorတစ်ဦးအဖြစ် အလကားလုပ်​ပေးမယ်​လေ။ ဒါကို 'မိသားစုအတွင်း ပစ္စည်း​ကောင်း​တွေ သိမ်းဆည်းခြင်း' လို့ ​ခေါ်တာ မလား"

ပိုင်ယွင်ရှီက မျက်လုံးလှိမ့်ပြလိုက်သည်။ ယဲဖန့်အမြင်နဲ့သာဆို​ရင်လေ သူသာ ​ပြော​ရေးဆိုခွင့်ရှိသူဖြစ်သွားမယ်ဆို သူ့ကုမ္ပဏီပုံရိပ်လဲ ​ကျောက်​ဆောင်​အောက်​ခြေအထိ ​ရောက်သွား​တော့မှာ ​သေချာ​လေသည်။

"ကြယ်ပွင့်သွားတဲ့​နေရာတိုင်း ပါပါရာဇီ​တွေရှိမှာ၊ သူတို့က သာမာန်ချိန်း​တွေ့မှု​လေး​တွေ​တောင် မလုပ်နိုင်ကြဘူး။ အရမ်းပျင်းစရာ​ကောင်းချက်ပဲ" ပိုင်ယွင်ရှီက ​ပြောလိုက်သည်။

ယဲဖန်သာ ​ကျော်ကြားသွားမယ်ဆိုလျှင် သိပ်မကြာခင်မှာပဲ သူ့ပါးစပ်​ကြောင့် ကြက်ဥပုပ်အ​ပေါက်ခံရ​ပေလိမ့်မည်။

ယဲဖန်ဆီမှာ ဘာ​တွေမှားယွင်းနေတာပါလိမ့်။ သူ့ဆီမှာ မမြင်ရတဲ့ အရာ​တွေ အများအပြားရှိ​​ပေမဲ့ သူက ထုတ်​ဖော်ပြသရတာကို သ​ဘောကျ​လေသည်။

ယဲဖန်က မျက်​တောင်ခတ်လိုက်ပြီး "မင်း​ပြောတာ ကြားပြီး​တော့ ကြယ်ပွင့်ဖြစ်ရတာလဲ ဘာမှမကောင်းဘူး၊ ဒီတစ်ခု ရိုက်ကူးပြီးရင် ​ငါ​ရပ်လိုက်တော့မယ်"

ပိုင်ယွင်ရှီ "..... အခုတ​လော မင်းဆီအလုပ်အပ်ဖို့ တစ်​ယောက်မှ လာမရှာကြဘူးလား"

ယဲဖန်က ​ခေါင်းခါလိုက်ပြီး "ဟင့်အင်း ​နောက်ဆုံးတစ်​ခေါက်တုန်းက မိုင်းတွင်းပိုင်ရှင်တစ်ဦး​တော့ လာခဲ့​ပေမဲ့ သူက အရမ်း သ​ဘောထား​သေးသိမ်တာ။ ဒါ​ကြောင့် သူ့ကို လျစ်လျူရှုလိုက်ပြီ"

"အနားယူလိုက်တာလဲ ​ကောင်းပါတယ်။ ဘဝက ရှည်လျားတယ်။ ​ငွေရှာဖို့ အရမ်းကြီး ဇွဲ​ကောင်း​နေစရာမလိုပါဘူး" ပိုင်ယွင်ရှီက ဆို၏။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now