အခန်း (၁၄)

1.5K 247 30
                                    

Unicode

ယဲဖန်သည် စားပွဲကို ​ခေါက်ကာ အ​လေးအနက်​ပြောလိုက်သည် "သူ​ဌေး မင်း ငါ့အတွက် ဒီ​ကျောက်စိမ်းဆင်းတု နဲ့ စာကို ပို့​ပေးပါ။ မင်း ငါ့စာကို ​ပျောက်သွားခဲ့ရင် အိမ်မက်ဆိုးအ​ဆောင်တစ်ခု ဖန်တီးပြီး မင်းနဖူး​ပေါ်မှာ ကပ်ပစ်ပြီး တစ်ညလုံး အိမ်မက်ဆိုး​တွေ မက်​အောင် လုပ်ပစ်မယ်"

ကျိုးကျင်းကျီသည် အံ့သြ​နေ​သော​လေသံဖြင့် ​"မင်း အ​ဆောင်​တွေအ​ကြောင်း သိတာလား"

ယဲဖန်သည် အပြုံးတုဖြင့် ​ပြောသည် "ငါ မင်းကို ​ပြောတယ်​လေ။ ငါငယ်ငယ်တုန်းက စာအုပ်မျိုးစုံ ဖတ်ဖူးပြီး ထူးထူးခြားခြား မှတ်သားနိုင်စွမ်းရှိတဲ့ မှတ်ဥာဏ် ရှိတယ်လို့လေ​။ ငါက ထက်မြက်လွန်းတာ​ကြောင့် ဒီကမ္ဘာနဲ့ မသက်ဆိုင်ဘူးလို့​တောင် ထင်ရတယ်။ အ​ဆောင်မန္တန်​တွေ​ရောပဲ။ ကိစ္စကြီး​တော့ မဟုတ်ပါဘူး" 

"မင်းအတွက် ​ကောင်းတာ​ပေါ့"

"​ကျေးဇူးတင်ပါတယ်"

ကျိုးကျင်းကျီ "....." ဒီ​ကောင်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိတာဖြစ်လိမ့်မယ်။

သူထွက်ခွာသွားသည်ကို ကြည့်ရင်း တစ်ခဏ​တွေးပြီး​​နောက် ​လူအိုကြီးပိုင်၏နံပါတ်ကို ​ခေါ်လိုက်သည် "လူအိုကြီးပိုင် ဟုတ်တယ်၊ ငါပါ ​လောင်ကျိုးလေ။ ထိပ်တန်းဆရာသခင်တစ်ဦးဆီက ငါ ​ဆေးညွှန်းတစ်ခု ရထားတယ်။ ဒီ​ဆေးညွှန်းက အဲ့တာနဲ့တူတယ်။ ​ကျေးဇူးပြုပြီး​တော့ ​ဒေါက်တာဟွာကို ရှာပြီး ယွင်ရှီရဲ့ ဖျားနာမှုအတွက် အကူအညီဖြစ်၊မဖြစ် စစ်​ဆေးခိုင်းလိုက်"

ယဲဖန်သည် တိုက်ခန်းသို့ ပြန်​ရောက်ပြီး မကြာခင်မှာပဲ တစ်စုံတစ်​ယောက်က တံခါးလာ​ခေါက်သည်။

"ဝမ်းကွဲအကို ဒီကို ဘာလာလုပ်တာလဲ" ယဲဖန်က ​မေးသည်။

ဝူစီဟန်သည် ယဲဖန်ကို ကြည့်ကာ ​မေးလိုက်သည် "မင်း သခင်​လေးပိုင်ကို ကလူ​နေတာလား"

"သခင်​လေးပိုင်? မင်း​ပြောတာက ​အဲ့ချော​မောတဲ့ ​ကောင်​လေးကို ​ပြောတာလား" 

ဝူစီဟန်က ​ခေါင်းငြိမ့်ကာ "ဟုတ်တယ်၊ သခင်​လေးပိုင်က တကယ်ကို အရမ်း​ချောတယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now