အခန်း (၆၁)

1.2K 207 12
                                    

Unicode

ပိုင်ယွင်ရှီက ယဲဖန်အား ကျောင်းတက်​ရောက်ခွင့်ကတ်​ပေးကာ "ဒါက ရန်ချွမ်းတက္ကသိုလ်ရဲ့ဝင်ခွင့်ကတ်ပဲ။ မင်း​ဖြတ်​ကျော်နိုင်သွားရင် အဖိုးရဲ့​ကျောင်းသားအဖြစ် အဖိုး​​ဘေးမှာ ​နေ​ပေးရမယ်။ နဂါးအဖွဲ့အစည်းက​နေလဲ ငါ့အဖိုး​ဘေးမှာ လူ​လေး​ယောက် စီစဥ်​ပေးထားလိမ့်မယ်။ သူတို့နဲ့ ပြဿနာမဖြစ်​စေနဲ့"

ယဲဖန်က ​ခေါင်းငြိမ့်ကာ "သိပါပြီ။ ဒါ​တွေပြီးသွားတဲ့အခါ ငါတို့​​တွေ နမ်းကြရ​​အောင်​လေ"

ပိုင်ယွင်ရှီသည် ယဲဖန်၏နက်​မှောင်ပြီး ​တောက်ပ​နေ​သောမျက်လုံးများအား ကြည့်ပြီး​နောက် သူ့မျက်နှာကို တစ်ဖက်သို့လှည့်လိုက်ကာ "မင်းအလုပ်ပြီးမှပဲ ဆက်​ပြောကြရ​အောင်"

ယဲဖန်က လည်ပင်းအား ပွတ်​နေ​ရင်း "မင်းနမ်းရတာ မကြိုက်ဘူးဆိုလဲ ငါတို့​တွေအတူတူအိပ်ကြရ​အောင်​လေ"

ယဲဖန်က အသက်ပြင်းပြင်းရှုလိုက်ကာ "အတူတူအိပ်ကြရ​အောင်ဆိုတဲ့ အဓိပ္ပါယ်ကို​ကော မင်းသိရဲ့လား"

ယဲဖန်က ​ခေါင်းငြိမ့်ကာ "​စောင်​အောက်မှာ စကား​ပြောကြတာ​လေ"

ပိုင်ယွင်ရှီ "....."

"မိုးရွာနေတယ်။ ဒီ​နေ့ ငါ ဒီမှာ ညအိပ်လို့ရလား။ ငါပြန်သွားမယ်ဆို ငါ ရွဲရွဲစိုနေတဲ့ ကြက်တစ်​ကောင်ဖြစ်သွားလိမ့်မယ်" ယဲဖန်က သနားစဖွယ်​ကောင်းအောင် ​ပြောလာခဲ့သည်။

ပိုင်ယွင်ရှီက မ​ကျေမနပ်ဖြင့် "​ကောင်းပြီ​လေ၊ မင်း ဧည့်သည်ခန်းထဲမှာ အိပ်လို့ရတယ်"

ထို့​နောက် ယဲဖန်သည် ဝမ်းနည်းစွာဖြင့် "မင်းဘာလို့ တိုက်ခန်းအကြီးကြီးဝယ်ရတာလဲ။ ဒီမှာ ဧည့်သည်ခန်းက သုံးခန်း​တောင် ပါ​နေတာ။ ဒါ​တွေက မ​ကောင်းဘူး။ မင်းမှာ အခန်းလွတ်​တွေ အများကြီးရှိ​နေတဲ့အချိန် လူ​တော်​တော်များများမှာ​တော့ အိမ်ဝယ်ဖို့​တောင် မတတ်နိုင်ကြဘူး"

ပိုင်ယွင်ရှီက ​အေးစက်စက်ဖြင့် "ငါ့မှာ ပိုက်ဆံရှိတာ​မလို့ ငါကြိုက်သလို ဘာပဲဖြစ်ဖြစ် လုပ်လို့ရတယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now