အခန်း (၇၆)

1.4K 254 39
                                    

Unicode

ကျန်းရွမ်သည် အလွန်မြန်ဆန်ခဲ့ရာ မကြာခင်မှာပဲ ပြတိုက်ထဲရှိ ပစ္စည်းများထံမှ ​ခြေရာများကို ​တွေ့ရှိခဲ့သည်။

"သခင်​လေးယဲ ငါနဲ့ ငါ့စီနီယာအကိုတို့ရဲ့ စုံစမ်းမှုအရဆို အဲ့အိမ်က ချီမြို့​တော်မှာ တည်ရှိ​နေလိမ့်မယ်" ကျန်းရွမ်က ဆိုခဲ့သည်။

ယဲဖန်က မျက်​တောင်ခတ်ကာ အံ့သြသွား​လေသည် "ချီမြို့တော်လား။ စီမြို့​​တော်ရဲ့ ​ဘေးမှာ တည်ရှိတဲ့ပုံပဲ"

ကျန်းရွမ်က ​ခေါင်းငြိမ့်ရင်း "​အတိအကျပဲ။ ငါတို့​တွေ ချီမြို့​တော်ကို သွားရင် စီမြို့​တော်ကို ဖြတ်သွားရလိမ့်မယ်။ ငါတို့​တွေ စီမြို့​​တော်မှာ တစ်ခဏ​လောက်​တော့ ​နေလို့ရလိမ့်မယ်။ မင်းအ​မေရဲ့မိသားစုက ​ဒေသခံ​တွေဆို​တော့ သူတို့ကို ​မေးလို့ရနိုင်​လောက်တယ်"

"ဒါက ပြီးပြည့်စုံချက်ပဲ။ ငါလဲ အဲ့ဒီကို သွားပြီး ငါ့ရဲ့ ဝဝကစ်ကစ်တူ​လေးကို စစ်​ဆေးဖို့ စီစဥ်ထားတာ။ မကြာခင် ​ကျောင်း​တွေစ​တော့မယ့်ပုံ​ပဲ။ အဲ့​ကောင်စုတ်​လေး မကြာ​သေးမီက ပြဿနာတစ်ချို့များ ကြုံ​တွေ့​နေမလားဆိုပြီး ငါ​တွေး​ပူနေခဲ့တာ" ယဲဖန်က အ​လေးအနက်ဆိုလာခဲ့သည်။

"ဒီအရာက အချိန်ကြာလာ​လေ ငါတို့အတွက် အဆင်မ​ပြေနိုင်​လေပဲ။ ငါတို့ အခုချက်ချင်းထွက်ခွာကြရင်​ရော ဘယ်လိုလဲ" ကျန်းရွမ်သည် ထို​ကောင်ယဲဖန်ဆီက​နေ ရုတ်တရက် ထူးဆန်းသည့် စိတ်ကူးများ​ပေါ်ထွက်လာမည်ကို ​ကြောက်ရွံ့​သော​ကြောင့် အလျင်အမြန် အကြံပြုလိုက်​​ပေသည်။

ယဲဖန်လဲ ​ခေါင်းငြိမ့်ပြီး ရိုးရှင်းစွာဖြင့် "​ကောင်းပြီ​လေ"

ကျန်းရွမ်သည် အနည်းငယ် အံ့သြသင့်သွား​လေသည် "သခင်​လေးယဲ မင်းက အရမ်းပွင့်လင်းလွန်းတာပဲ" ယဲဖန်သည် ဒီတစ်ကြိမ်တွင် တကယ့်ကို ပူး​ပေါင်း​​ပေးနေတာ​ကြောင့် ကျင့်သားမရဖြစ်​နေခဲ့​ပေသည်။

"ယွင်ရှီက ငါ့ကို ဖြစ်နိုင်သမျှ ​စော​စောထွက်ခွာသွားဖို့ ​တောင်းဆိုထားခဲ့လို့​လေ။ သူက ဒီ​နေရာမှာ ​နေတာ ငါ့အတွက် မ​ကောင်းဘူးတဲ့။ တကယ်​တော့ ငါ့ကို တစ်​ယောက်​ယောက်က ပစ်မှတ်ထားနေတာကို ငါလုံးဝမ​ကြောက်ပါဘူး" ယဲဖန်က ရှုံတွစွာ ဆိုလာခဲ့သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now