အခန်း (၆၇)

1.5K 272 52
                                    

Unicode

မကြာမီ ​လေလံပွဲကို စတင်ခဲ့သည်။ ပထမဆုံးပစ္စည်းက​တော့ ထန်ဘိုဟူ၏ပန်းချီကားအစစ်ဖြစ်ပြီး ​အောက်​ခြေ​စျေးမှာ ၁၀၀ မီလီယံ ဖြစ်ကာ မကြာမီ သူ့​စျေးနှုန်းမှာ ၅၀၀ မီလီယံသို့ ခုန်တက်သွားခဲ့သည်။

မျက်​မှောင်ကြုတ်ကာ ယဲဖန်သည် ပိုင်ယွင်ရှီဘက်သို့ မှီလာခဲ့ရင်း စိတ်ရှုပ်​ထွေးစွာဖြင့် "ပန်းချီကားတစ်ချပ်ပဲကို ဘာလို့ အရမ်းတန်ဖိုးရှိ​နေရတာလဲ"

"ပန်းချီနဲ့ လက်​ရေးလှ​ကြိုက်နှစ်သက်သူ​တွေက ကြိုက်ကြလို့​ပေါ့" ယခု​ခေတ်တွင် လူချမ်းသာများက ပိုပိုများလာခဲ့သည်။ ပြီး​တော် ​တော်​တော်များများက အရမ်းချမ်းသာလာပြီး​နောက် အနုပညာများတွင် ပါဝင်လာခဲ့ကြသဖြင့် ဂန္ဓဝင်စာအုပ်များနှင့် ပန်းချီကားတန်ဖိုးတို့မှာလဲ တိုးမြင့်လာကာ လူအများစုက သူတို့အား စု​ဆောင်းရန်အတွက် ဝယ်ယူလာခဲ့ကြသည်။ ဒါ​ပေါ့ တစ်ချို့လူ​တွေက​တော့ ရင်းနှီမြှုပ်နှံမှုများအ​နေဖြင့် ဝယ်ယူခဲ့ကြသည်။

​နောက်ဆုံးတွင် တန်ဘိုဟူ၏ထင်းရှုး​တော​တောင်တန်း​လေးဟာ ၇၀၀ မီလီယံနှင့် ရောင်းထွက်သွားခဲ့သည်။

"ဒီပစ္စည်းက ၇၀၀ မီလီယံ တန်ဖိုးရှိတာလား။ ဒီလူ​တွေ ရူး​နေကြတာလား" ယဲဖန်က ရှုံတွစွာ ဆိုလာခဲ့သည်။

ပိုင်ယွင်ရှီ "....."

"ဒါက တကယ်​တော့ မများပါဘူး။ လွန်ခဲ့နှစ်အနည်းငယ်​လောက်တုန်းက နယူး​ယောက်မြို့မှာ ကျင်းပတဲ့ အထူး​လေလံပွဲတစ်ခုမှာဆို တရုတ်​ရှေး​ဟောင်းလက်​ရေးလှ​တွေနဲ့ ပန်းချီကား​တွေ ပါဝင်ခဲ့တယ်။ ထန်ဘိုဟူရဲ့ ​ရှေး​​ဟောင်းပန်းချီကားဖြစ်တဲ့ 'လု​တောင်​တန်းပေါ်မှ ​ရေတံခွန်အား ခံစားခြင်း' ဆို ​ဒေါ်လာ ၅.၉ မီလီယံ၊ ယွမ် သုံးဘီလီယံနှင့် ၅၉၀ မီလီယံ ဖြင့် ​ရောင်းထွက်သွားခဲ့တာ"

ယဲဖန်က သူ့​မေး​​စေ့ကို ထိရင်း "ပန်းချီ​ရေးဆွဲခြင်းက​နေ ပိုက်ဆံ​တွေ အများကြီးဝင်တာလား။ ငါ ငါ့ရဲ့အသက်​မွေးဝမ်း​ကြောင်း​ကို ပန်းချီဆရာတစ်​ယောက်အဖြစ် ပြောင်းလဲသင့်​နေပြီလို့ ထင်တယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now