အခန်း (၁၇)

1.5K 231 5
                                    

Unicode

ဧည့်ခံပွဲအပြီးတွင် ယဲဖန်သည် သူ့တိုက်ခန်းသို့ ပြန်လာကာ ကျင့်ကြံရန်အတွက် အခန်းတံခါးကို ပိတ်လိုက်သည်။ ဧည့်ခံပွဲပြီး​နောက် ယဲဖန်သည် နာမည်ပိုကြီးလာပြီး လူတိုင်းက သူ့အ​ကြောင်းအား စ​တင်ပြောဆိုလာကြသည်။ 

"တင်းတင်း ဒီယဲဖန်က​တော့ တကယ်​​လွန်သွားပီ။ ဒီ​ကောင်က မင်းကို သာမန်မိန်းမတစ်​ယောက် ဖြစ်တယ်လို့ ပြောရုံမကဘူး ကျိုးပဲ့​နေတဲ့မိုးမခပင် ဖြစ်တယ်ဆိုပြီးပါ လူတိုင်းကို ​လိုက်ပြော​နေတယ်" ကျန့်ရော့က စိတ်တိုစွာ ​ပြောလိုက်၏။ 

ချန်ယွီသည် မည်သည့်လျှို့ဝှက်ချက်ကိုမှ မဖုံးကွယ်နိုင်သည့် ကြီးမား​သောစပီကာဖုန်းနှင့်တူပေသည်။ ​နောက်ဆုံးအကြိမ်တုန်းက သူသည် ဧည့်ခံပွဲ၌ အရက်မူးကာ ​လျောက်တင်းတင်းနှင့် ယဲကျီကျဲတို့၏အိမ်​ထောင်ပြုခြင်း အ​ကြောင်းတို့ကို ဖွင့်​ပြောပစ်လိုက်သည်။ သူသည် ယဲဖန်က သူ့၏အရည်အချင်းအစစ်များကို ဖုံးကွယ်ထားသည့် ထိပ်တန်းဆရာသခင်တစ်ဦးဖြစ်ကာ သူ၏အခြားဖက်ခြမ်းသည် အဆင့်အတန်းမြင့်မား​ကြောင်း ​ပြောခဲ့သည့်အပြင် ယဲဖန်က ​လျောင်တင်းတင်းလို သာမန်မိန်းမမျိုးကို ဘယ်​တော့မှစိတ်မကူး​ကြောင်းပါ ​ပြောကြားခဲ့သည်။ ချန်ယွီနိုးလာချိန်၌ သူ့စကားများသည် ပျံ့နှံ့သွားကာ ​အရမ်းနောက်ကျသွားပြီ ဖြစ်သည်။

အချို့​သောအတင်းအဖျင်းစကားများက လူ့အဖွဲ့အစည်းများအကြား ကြီးထွားလာ​သော​ခြေလက်များကဲ့သို့ ကျယ်ပြန့်စွာပျံ့နှံ့သွားလေ၏။ ​လျောက်တင်းတင်းနှင့် ယဲကျီကျဲတို့ကြားရှိ​စေ့စပ်​ကြောင်းလမ်းခြင်းသည် ချမ်းသာ​သောမိသားစုများအသိုင်းအဝန်းတွင် ကြီးမား​သော အ​ကြောင်းအရာဖြစ်ပေသည်။ ​လျောက်တင်းတင်းသည် ယဲဖန်ထက် ယဲကျီကျဲကို ​ရွေးချယ်ခဲ့သည့်အချိန်တွင် ယခုလို သတင်းစကားများပါ တစ်ချိန်တည်းထွက်​ပေါ်လာခဲ့သည်။

ဟူယုချင်းသည် ကျန့်ရော့ကို စိုက်ကြည့်ပြီး ​ပြောလိုက်သည် "​ကောင်းပြီ။ ကျန့်ရော့ ​တော်​လိုက်တော့" ထို့​နောက် သူမသည် စိတ်ထဲတွင် ကျန့်ရော့ကို အရူးမ ဟု ကျိန်ဆဲလိုက်သည်။ ဘာလို့ထုတ်​ပြော​နေရတာလဲ။ 

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now