အပိုင်း (၅၁)

1.4K 246 16
                                    

Unicode

လုံခြုံ​ရေးအ​စောင့်အနည်းငယ်က ကျန်းစီလျန်ကို ထိတ်လန့်​နေ​သော အမူအရာများဖြင့် ကြည့်ကာ မျက်နှာပျက်သွားကြ​လေသည်။ ကံ​ကောင်းစွာဖြင့် ယဲဖန်က သူတို့အား လျစ်လျူရှုသွားခဲ့သည်။

ယဲဖန်သည် စက်ရုံထဲတွင် ဝင်လာပြီး သူ့ဦးတည်ရာကို အမြန်ရှာ​ဖွေလိုက်သည်။ကျန်းစီလျန်သည် သူ့​နောက်မှ သစ်သားကုန်ကြမ်းဧရိယာသို့ လိုက်သွားခဲ့သည်။ 

"ဆရာသခင်​လေးယဲ အဲ့အရာက ဒီမှာလား" ကျန်းစီလျန်က ​မေးလာသည်။

သူ့ကိုယ်ထဲမှ ပြုစားကပ်ပါး​ကောင်ကို မထုတ်ခင်တည်းက ကျန်းစီလျန်သည် ဗုဒ္ဓရုပ်ပွား​တော်များကို စတင်ကိုးကွယ်ခဲ့​လေသည်။ သူ့တွင် အချိန်ရှိသည်နှင့် ဘုရား​ကျောင်းများကို သွားကာ ပူ​ဇော်ခဲ့သည်။ သူသည် ရိုးသားပွင့်လင်းခဲ့​သော်လည်း ဘာ​ကြောင့် ဒီလိုအရာမျိုးဖြစ်ပွားရသလဲဆိုတာကို အ​တော်​လေးနားမလည်​​နိုင်တော့​ပေ။

ယဲဖန်က ​ခေါင်းငြိမ့်ကာ "ဟုတ်တယ်"

​ဘေးနားက အလုပ်သမားက သတိထားလျက် "သူ​ဌေး အဲ့​ဒီနေမ​ကောင်းတဲ့အလုပ်သမားအားလုံးက ဒီမှာအလုပ်လုပ်ကြတာပါ"

ကျန်းစီလျန်မျက်နှာသည် ​ဖြောင့်တန်းသွားပြီး ယဲဖန်အား ကြည့်ကာ "ဆရာသခင်​လေးယဲ ဘာ​ပြောအုံးမလဲ"

ယဲဖန်မျက်လုံးများ ကျဥ်း​မြောင်းသွားပြီး ဂို​ဒေါင်ထဲရှိ သစ်သားအပိုင်း​လေးတစ်ခုကို စိုက်ကြည့်​နေသည် "ဒါက တကယ်ကိုပဲ ..... ဒီမှာ ရှိတဲ့အလုပ်သမား​တွေကို ​ပြောင်း​ရွှေ့ခိုင်း​လိုက်တော့"

ထိုအရာကို ကြား​တော့ ကျန်းစီလျန်သည် အလုပ်သမားများအား ထွက်သွားရန် အချက်ပြဖို့ သူ့လက်အား ယမ်းလိုက်​လေသည် "အားစွမ်း မင်းလဲ ထွက်သွားသင့်တယ်"

နင်စွမ်းသည် သူ့အား စိုးရိမ်တကြီး ကြည့်ပြီး ထွက်သွား​လေသည်။

ယဲဖန်သည် ကျန်းရွမ်အား ကြည့်ကာ "ခဏ​နေ ငါတို့ တိုက်ခိုက်ဖြစ်ခဲ့ရင် မင်းက သူ့ကို ကာကွယ်​ပေးထား"

ကျန်းရွမ်က သူ့အား ကြည့်လိုက်ရင်း "ငါတို့​တွေ ထွက်​ပြေးပြီးမှ ဒီအ​ကြောင်း​ပြောကြရင်​ကော ဘယ်လိုတုန်း။ ဒီမှာတစ္ဆေချီဓါတ်​တွေ ပြင်းထန်လွန်း​နေတယ်။ သရဲက တစ်​ကောင်တည်း​တော့ မဖြစ်နိုင်​လောက်ဘူး"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now