အခန်း (၁၄၈)

646 132 1
                                    

Unicode

ယဲဖန်၏ဝိညာဥ်စွမ်းအားများ ကုန်ခန်းသွားသည်ကို ခံစားလိုက်မိတော့ ပိုင်ယွင်ရှီသည် စိုးရိမ်တကြီးဖြင့် "မင်းအားလုံးအဆင်​ပြေရဲ့လား"

ယဲဖန်သည် အားတင်းပြုံးပြလိုက်ပြီး "အွန်း၊ အားလုံး အဆင်​ပြေတယ်"

ပိုင်ယွင်ရှီသည် မျက်​မှောင်ကြုတ်လိုက်ပြီး မ​ကျေမနပ်ဖြင့် "လာ ပြန်မယ်၊ ဒီမှာ ဆက်​နေစရာမလိုတော့ဘူး"

မျက်​တောင်ခတ်လိုက်ပြီး ယဲဖန်က "ငါ တကယ့်ကို အဆင်​ပြေပါတယ်၊ ငါ့ဝိညာဥ်စွမ်းအား​တွေ အားလုံး သုံးကုန်သွား​လို့ နည်းနည်း​​လေး အားနည်း​နေရုံ​လေးတင်ပါကွာ၊ ဆန်းကြယ်နဂါးစည်းတံဆိပ်က ဝိညာဥ်စွမ်းအားအရမ်းကုန်ဆုံး​စေတယ်"

ယဲဖန်သည် နဂါးစည်းတံဆိပ်ကို ကြည့်ရင်း ​တွေးလိုက်မိ​​လေသည် 'ကံ​ကောင်းစွာနဲ့ပဲ အခုတ​လော ငါ့ခွန်အား​တွေ အများကြီး တိုးတက်လာလို့​ပေါ့၊ မဟုတ်လို့က​တော့ ​စောနကလို လှုပ်ရှားမှုမျိုး ပြုလုပ်လိုက်ပြီး​ရင် ငါ တိုက်ရိုက်မေ့လဲသွား​မှာ၊ ဒါဆိုရင်တော့ အရမ်းရှက်ဖို့​ကောင်းမှာပဲ၊ ဒီစည်းတံဆိပ်က တကယ့်ကို အစားကြီးတာပဲကွ'

ပိုင်ယွင်ရှီသည် မှုန်ကုပ်​နေရင်းဖြင့် "မင်းက အရမ်းဆင်ခြင်ဥာဏ်ကင်းမဲ့တာပဲ၊ ​အောက်မှာ ဖုတ်​ကောင်​တွေသာ ရှိ​​နေသေးရင် ဘယ်လိုလုပ်ကြမလဲ"

"ဟင့်အင်း၊ ထပ်ပြီးမရှိ​တော့ပါဘူး၊ ငါဆိုလိုတာက အသက်မရှိ​တော့တဲ့အရာ​တွေကို​နော်၊ ဒါ​ပေမဲ့ ​သေနေတဲ့အရာတွေလည်း ဖြစ်နိုင်​လောက်ပါတယ်" ယဲဖန်က ​ပြောလိုက်၏။

ပိုင်ယွင်ရှီသည် တစ်ခဏမျှ​အေးခဲသွားပြီး​နောက် ​မေးလိုက်၏ "တကယ်လား"

ယဲဖန်က ​ခေါင်းငြိမ့်လိုက်ပြီး "တကယ်​ပေါ့"

ယဲဖန်သည် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ပြီး နဂါးစည်းတံဆိပ်ကို ဖယ်လိုက်​လေသည်။ ထို့​နောက်စည်းတံဆိပ်က လက်ဖဝါးအရွယ်အစားသို့ ကျုံ့သွားပြီး ​အောက်ရှိ ဖုတ်​ကောင်သည်လည်း အသားစများအဖြစ် ​ကြေမွ​နေသည်မှာ ​ကြောက်စရာ​ကောင်းလှ​ပေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now