အခန်း (၄၁)

1.4K 223 4
                                    

Unicode

သုံး​ချောင်း​ထောက်အိုးထဲရှိ အရည်ပမာဏ​လျော့နည်းလာသည်နှင့်အမျှ ကပ်ပါးပိုး​ကောင်သည် ​ပေါက်ကွဲထွက်သွား​လေသည်။ ပြင်းထန်​သော အနံ့ဆိုးဆိုးဝါးဝါးများက ပျံ့နှံ့သွား​လေသည်။

"ဆရာကြီး ဒါက ....."

"ဒီ​ဆေးရည်က ကပ်ပါးပိုး​ကောင်ကို ဆွဲ​ဆောင်ဖို့အတွက် ​ဆေးပဲ။ ဒီအရာက ​ဆေးလွန်ပြီး ​သေသွားတာ" ယဲဖန်က ​ပြောသည်။

"ဒါကို သတ်လိုက်​တော့ ယွမ်ယီက ဘယ်လိုဖြစ်သွားမှာလဲ" ပိုင်ယွင်ရှီက ​မေးလိုက်သည်။

"သူမအ​ပေါ်​တော့ မသက်​ရောက်နိုင်​ပေမဲ့ သားကပ်ပါး​ကောင်​သေသွားရင်​တော့ သူမက ဒါကို အာရုံခံစားမိလိမ့်မယ်" ယဲဖန်က ​ပြောသည်။

ထိုအချိန်တွင် ကျန်းစီလျန်၏ဖုန်းမြည်လာသည်။ ဖုန်း​ပေါ်ရှိနာမည်ကို ကြည့်လိုက်​တော့ သူ့မျက်လုံးများ မည်း​မှောင်သွားသည် "ဟဲလို မင်းတစ်ခုခုလိုအပ်​နေလို့လား"

ယွမ်ယီ၏ မနှစ်မြို့ဖွယ်အသံကို ကြားလိုက်ရသည် "နင်အခုဘယ်မှာတုန်း။ အခုပြန်လာခဲ့အုံး။ ငါ့​မောင်ဆီမှာ တစ်ခုခုဖြစ်​နေလို့"

ဟိုတယ်ထဲတွင် ယွမ်ယီက စိတ်မသက်မသာခံစား​နေရသည်။ ​နေ့လည်တုန်းက ကျန်းစီလျန်ထွက်သွားသည့်အခါကလဲ သူမသည် စိတ်ထဲတစ်မျိုးဖြစ်​နေ၏။ ဒါ​ကြောင့် ကျန်းစီလျန်ကို ဖုန်းဆက်ပြီး မ​မေးဘဲ မ​နေနိုင်ခဲ့​ချေ။

ကျန်းစီလျန်က မျက်​မှောင်ကြုတ်ကာ "ငါသိပြီ"

ထို့​နောက် ဖုန်းချလိုက်ပြီး အနည်းငယ်​ကြောက်ရွံ့ဖွယ်​ကောင်း​နေသည်။ ယွမ်ယီ၏ဆရာကြီးလုပ်​နေ​သောအသံက သူ့အား စိတ်ရှုပ်​​အောင် ပြုလုပ်​နေသည်။

ယွမ်ယီသည် သူမကိုယ်တိုင်က ကြမ်းတမ်း​နေ​သော​ကြောင့် သူမ၏မိသားစုသည်လည်း မထူးခြားနား​ပေ။ သူနဲ့အတူရှိပြီး​နောက် သူမသည် သူမ​မောင်နှမ​တွေအတွက် မကြာခဏ အလုပ်ရှာခိုင်းသည့်အပြင် သူ့ဆီက​နေလဲ ပိုက်ဆံများ ​ချေးငှားခဲ့သည်။ ကျန်းစီလျန်က အရမ်းစိတ်ရှုပ်​နေ​ပေမဲ့ သူမ​ပြောသည့်အတိုင်းလုပ်ရုံကလွဲလို့ သူ့တွင် ​ရွေးချယ်စရာမရှိ​ပေ။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now