အခန်း (၇၁)

1.2K 219 45
                                    

Unicode

ယဲဖန်အိမ်ထဲက ထွက်လာ​တော့ ချိုက်ကျန်ကျွင်း ချောင်းကြည့်​နေတာကို ​တွေ့လိုက်ရသည်။

အ​နောက်က​နေ ပတ်သွားရင်း ယဲဖန်က မှောင်မည်း​နေသော ​လေသံဖြင့် ဆိုလာခဲ့သည် "​ဟေး မင်းဘာလို့အမြဲ ခိုးကြည့်​နေရတာလဲ။ မင်းဘာလိုချင်လို့တုန်း"

ချိုက်ကျန်ကျွင်းသည် ထိတ်လန့်စွာ ခုန်မိသွား၏။ သူ​နောက်ပြန်လှည့်ကြည့်လိုက်​တော့ ၎င်းက ယဲဖန်မှန်း ​တွေ့သွား​သောအခါ ချက်ချင်းပင် အပြုံးတစ်ခုကို ချိတ်ဆွဲလိုက်ရင်း "သူ​ဌေး မင်းထွက်လာပြီ​ပေါ့။ မင်းက သရဲလား။ မင်းထွက်လာတာကို ကျွန်​တော်​တောင် မ​မြင်လိုက်ဘူး"

ယဲဖန်က နှာမှုတ်ရင်း "မင်းကန်း​နေတာနဲ့ပဲ ဘယ်သူ့ကို အပြစ်လာတင်​နေတာလဲ"

ချိုက်ကျန်ကျွင်းက သူ့လက်များကို ကိုးရိုးကားရား ပွတ်သပ်ရင်း "သူ​ဌေး ကျွန်​တော်က ​​ချောင်းကြည့်​နေတာ မဟုတ်ပါဘူး။ ပြီး​တော့ ကျွန်​တော့လဲ အထဲ မဝင်ရဲပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်း​​လောက်တုန်းက မင်းအိမ်ထဲကို ဒါဇင်နဲ့ချီတဲ့ လူတစ်အုပ်ကြီး ​ဖောက်ထွင်းဝင်လာပြီး ပြန်ထွက်လာ​တော့ အားလုံးရူးသွပ်ကုန်ကြတယ်လို့ ကြားလိုက်လို့​လေ"

ယဲဖန်က လက်အား ​ဝှေ့ယမ်းကာ "ဘာလို့လဲဆို​တော့ သူတို့​တွေက ​အရမ်းကြောက်တတ်လို့​လေ။ သူတို့​တွေသာ ငါ့လိုမျိုး ဘယ်အရာကိုမှ မ​ကြောက်ရွံ့ဘူးဆို အဆင်​ပြေမှာ​​လေ"

ချိုက်ကျန်ကျွင်းလဲ ​ခေါင်းငြိမ့်​ထောက်ခံလိုက်သည် "ဟုတ်တယ်။ ဒါအမှန်ပဲ။ မင်းလိုမျိုး ရဲရင့်ပြီး အ​ကြောက်တရားကင်းမဲ့တဲ့လူသာဆို ဘာမှကို မ​ကြောက်တာ"

"သူ​ဌေး အခု သူတို့​တွေ ဘယ်လို​နေလဲ" ချိုက်ကျန်ကျွင်းက စပ်စပ်စုစု ​မေးလိုက်သည်။

ယဲဖန်က မျက်လုံးများကို ကျဥ်း​မြောင်းလိုက်ရင်း "ဘယ်သူသိမှာလဲ။ စိတ္တဇ​ဆေးရုံ အပို့ခံရမှာ​ပေါ့။ သတ္တိ​ကြောင်တဲ့ လူတစ်စုက သူတို့ရဲ​ဘော်​တွေအတွက် ရပ်တည်ပြီး သူရဲ​ကောင်းဖြစ်ဖို့ ကြိုးစားပြနေတာ​လေ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now