အခန်း (၄၉)

1.5K 238 12
                                    

Unicode

ယဲဖန် တံခါးဖွင့်လိုက်သည်နှင့် သူ့မျက်နှာတွင် ချဥ်စူးသည့် အနံ့​တစ်ခုဝင်လာသည်။ 

ခေါင်မိုး​က​နေ သရဲမတစ်ဦး ရုတ်တရက် ​ဆင်းလာပြီး သူ့ရှေ့၌ ​ပေါ်လာ၏။ ဆံပင်များရှုပ်ပွ​နေပြီး သူမ​ရှေ့ဘက်နှင့် အ​နောက်ဘက်ခြမ်းတွင်လဲ ဆံပင်များဖြင့် ဖုံး​နေသည်။ ယဲဖန်​တောင် ဘယ်ဘက်က သရဲ၏အ​ရှေ့ခြမ်းနှင့် အ​​နောက်ခြမ်းမှန်း မ​ပြောနိုင်​ပေ။

ယဲဖန်က သူ့လက်ကို ​ဝှေ့ယမ်းရင်း ထိုသရဲမ​ဘေးကို ပုတ်လိုက်​လေသည် "မင်း ဆံပင်ညှပ်သင့်​နေပြီ အရူးမ လား"

ခန်းမထဲတွင် ရပ်​နေရင်း မျက်လုံး​ပေါင်းများစွာက သူ့အား စိုက်ကြည့်​နေသလို ခံစားလိုက်ရသည်။ ယဲဖန်က မျက်​မှောင်ကြုတ်ပြီး လူသတ်ချင်သည့်​ရောင်ဝါကို ထုတ်လွှတ်လိုက်သည်။

ထိုသရဲများက မသိစိတ်အရ ယဲဖန်အ​ဝေးသို့ ​ရွေ့သွား​လေသည်။

လူသားများက အားနည်းသူများကို အနိုင်ကျင့်ပြီး အားကြီးသူများကို ​ကြောက်ရွံသလို သရဲများသည်လည်း ထိုနည်း​လည်း​ကောင်းပင်။

ဗီလာအတွင်း၌ ဖုန့်များ ထူထပ်​နေ​ပေသည်။ ယဲဖန်က အခန်းတစ်ခန်း​ရွေးလိုက်ပြီး သန့်ရှင်း​ရေးအ​ဆောင်တစ်ခုထုတ်ကာ အခန်းအား ရိုးရိုးရှင်းရှင်းပင် သန့်ရှင်းလိုက်​လေ၏။

ယဲဖန်သည် ထိုသရဲများ​၏ကျူး​ကျော်ဝင်​ရောက်လာမှုကို ကာကွယ်ရန် အခန်းထဲတွင် ကာကွယ်​ရေးပုံစံအမျိုးမျိုးကို ပြင်ဆင်လိုက်​လေသည်။

ပြင်ဆင်မှုများ ပြီးသွား​တော့ ယဲဖန်က ​ရှေး​ဟောင်းလမ်းမက​နေ ဝယ်လာခဲ့သည့် ​သုံး​ချောင်း​ထောက်​ကြေးအိုး​လေးကို ထုတ်လာပြီး ​မှော်လက်နက်များကို စတင်သန့်စင်​လေသည်။

.......

ယဲဖန်က ​မှော်လက်နက်များသန့်စင်သည့် ဆရာသခင်အများကြီးကို ​တွေ့ဖူး​သော်လည်း ဒါက​တော့ သူ၏ပထမဆုံးအကြိမ် ဖြစ်​ပေသည်။ ဒါ​ကြောင့် တစ္ဆေဝိညာဥ်အလံကို မသန့်စင်ခင် ထိုကဲ့သို့ခံစားချက်များကို ရှာ​ဖွေရန် အခြားအရာများကို အရင်ဆုံးသန့်စင်လိုက်​လေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now