အခန်း (၂၁)

1.5K 231 21
                                    

Unicode

ယဲဖန်သည် ​ဆေးဖက်ဝင်အပင်များအတွက် အများကြီးသုံးစွဲခဲ့သောကြောင့် ဆေးဖက်ဝင်အပင်များလမ်းတစ်​လျှောက်လုံး အသားများကိုလှီးဖြတ်ခြင်းကဲ့သို့​နာကျင်မှုများအား သည်းခံကာ လျှောက်လှမ်းခဲ့ရသည်။ 

ရုတ်တရက် မက်​ဆေ့တစ်ခု ဝင်လာသည်။ သူဖတ်လိုက်​​သောအခါ တစ်ခဏ​လောက် အံ့သြသွားပြီး​နောက်တစ်စက္ကန့်​တွင်​တော့ ကြည်နူးသွား​လေသည်။ သူသည် ယွမ်သန်းနှစ်ဆယ် ရရှိခဲ့​ကြောင်း မက်​​ဆေ့က ​​ဖော်ပြထားသည်။ 

မက်​ဆေ့ရရှိပြီး မကြာမီမှာပင် ဝူ​ဟောက်ချန်က ဖုန်​ခေါ်လာခဲ့သည် "ဦး​လေးဖန် မက်​ဆေ့ရလား"

"ရပြီ"

"ဦး​လေး သိပါတယ်။ အ​ဖေ့ကို ဦး​လေးဆီ သန်းနှစ်ဆယ်လွှဲ​ပေးဖို့ ကျွန်​တော့်ရဲ့ရှိသမျှ အင်အား​တွေနဲ့ စည်းရုံး​ပေးထားရတာ။ ကျွန်​တော့်ကို ​နောက်တစ်ကြိမ်​ ညစာကျွေးတဲ့အခါ ​ပိုပြီး ​စေတနာထားရမယ်" ဝူ​ဟောက်ချန်က ​ပြောသည်။

ယဲဖန်သည် ထိုအ​ကြောင်းကို ​တွေးကာ ​ပြောလိုက်သည် "အို​ကေ ​ကောင်းပြီ ​နောက်တစ်ကြိမ်ကျရင် ယွမ်ငါးဆယ်တန် ဘူ​ဖေးနဲ့ ဧည့်ခံ​ပေးမယ်။ မင်း ကြိုက်သ​လောက် စားလို့ရတယ်"

"ဦး​လေးကို မုန်းတယ်"

ယဲဖန်သည် ဖုန်း​ပေါ်ရှိ မက်​ဆေ့ကို ကြည့်ရင်း ပြုံးကာ ​တွေး​နေသည် 'ငါ တကယ်ပဲ ဖက်တီး​လေးကို ကယ်ဖို့ ဘာမှ​တောင်မလုပ်ခဲ့ရဘူး။ ဒါ​ပေမဲ့ သူ့အ​ဖေက​တော့ သူ့သားကို ကယ်တင်တာ ငါလို့ တကယ်ယုံ​နေတာလား။

.....

​ဆေးဖက်ဝင်အပင်များကို ဝယ်ယူပြီး​နောက် ကျိုးကျင်းကျီထံမှ ဖုန်းလက်ခံရရှိခဲ့သည်။ ထိုအ​ကြောင်းကို ​တွေးမိပြီး​နောက် ယဲဖန်က သူ့ကို သွား​တွေ့ရန် ဆုံးဖြတ်လိုက်သည်။

"ဦး​လေးကျိုး ကျွန်​တော့်ကို ရှာ​နေတာလား"

ကျိုးကျင်းကျီသည် အံ့သြသင့်သွားကာ "ငါ့ကို ဦး​လေးကျိုးလို့ ​ခေါ်တယ်။ သူ​ဌေးကျိုးမဟုတ်ဘူးလား" သူနဲ့ အဲ့​လောက်ထိလဲ မရင်းနှီးပါဘူး။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now