အခန်း (၁၀)

1.8K 256 19
                                    

Unicode

ယဲဖန်သည် ဆိုင်ထဲမှထွက်လာတော့ သူသည် ရုတ်တရက် လူများဝန်းရံခံလိုက်ရသည်။ သို့သော်လည်း အဲ့ဝိုင်းကြည့်သူများသည် အရမ်းအဝေးကြီးလဲ မသွားရဲသလို သူ့အားညွှန်ပြ၍ 'သူ့အားမိန်းမကို ရိုက်နှက်သူ' သို့မဟုတ် ထိုကဲ့သို့ အခြားတစ်ခုအား ပြောနေလောက်သည်။

"သခင်လေးယဲ သခင်လေးယဲ" ချန်ယွီသည် ယဲဖန်အားအမြန်ဖမ်းလိုက်သည်၊၊

ယဲဖန်သည် အကြည့်တစ်ချက် ပေးကာ "ဘာလဲ" ဟု မေးသည်။

သဘာဝအားဖြင့် ကျန့်ဟိုက်လင်ဟာ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့ခန္ဓာကိုယ်အာဟာရအတွက် ဆေးဖက်ဝင်ပစ္စည်းများ စုဆောင်းနေသည့်သတင်းသည် ချန်ယွီနားထဲသို့ ရောက်ရှိသွားသည်။ ချန်ယွီ၏ဖိအားပေးမှုအောက်တွင် ကျန့်ဟိုက်လင်သည် သူ့ဘဝသက်တမ်းတိုသွားကြောင်း ဝန်ခံလိုက်ရာ ချန်ယွီသည် အမှန်ကြောက်လန့်သွားပေသည်။ သူ့ဝိညာဥ်အငွေ့အသက်သည် ကျန့်ဟိုက်လင်ထက် ပိုနက်ရှိုင်းလွန်းသောကြောင့် သူ့သက်တမ်းသည် ပိုတိုနိုင်ကြောင်း ယဲဖန်က ပြောလိုက်သည်။

"မင်း ဟိုက်လင်ကို ပေးထားတဲ့ဆေးညွှန်းကို ငါ အသုံးပြုလို့ရနိုင်လား" ချန်ယွီက မေးလိုက်သည်။

"ရတာပေါ့" ယဲဖန် ပြန်ဖြေသည်။

ချန်ယွီသည် သူ့ကို ကြည့်ကာ "သခင်လေးယဲ ငါ့သက်တမ်းက ဘယ်လောက်တိုသွားလဲ"

ယဲဖန်သည် သူ့ပုခုံးအားပုတ်လိုက်ပြီး " စိတ်လျော့၊ အများဆုံး နှစ်ဝက်ပါပဲ။ မျက်စိတစ်မှိတ်စာပဲ။ ဝူး! အဲ့တာက ပြီးသွားမှာ" ယခင်ဘဝက ရွှေအမြုတေအဆင့်ကျင့်ကြံသူများသည် နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်ကြံကြလေသည်။

ချန်ယွီ "....."

"သခင်လေးယဲ အဲ့ဆေးရည်ကို သောက်ပြီးရင် ပိုကြာအောင် နေနိုင်တာ ဖြစ်နိုင်မလား။ ဒါမှမဟုတ် မင်း ပိုအဆင့်မြင့်တဲ့ဆေးညွှန်းကို ပေးလို့ရမလား။ ပိုက်ဆံက ပြဿနာမရှိဘူးဆိုတာ မင်းသိပါတယ်"

ယဲဖန်သည် ထိုအကြောင်းအား တွေးကာ "ကျန့်ဟိုက်လင် သောက်နေတာက မင်းနဲ့ အဆင်ပြေတယ်။ ပိုအဆင့်မြင့်လေ မင်းကျောက်ကပ်ပျက်စီးလေပဲ။ မင်းခန္ဓာကိုယ်က မကိုင်တွယ်နိုင်မှာ ငါကြောက်တယ်။ ဒါ့အပြင် နောက်ပိုင်းမှာ လိင်ဆက်ဆံတာတွေ လျော့နည်းအောင် လုပ်ဖို့ လိုအပ်တယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now