အခန်း (၇၂.၁)

1.1K 192 6
                                    

Unicode

ယဲဖန်သည် သူ့​ခေါင်းကို ဘယ်၊ညာ လှည့်ကြည့်​နေရင်း စုံတွဲတစ်တွဲ​ကိုတွေ့လိုက်ရပြီး ထိုအမျိုးသားနှင့် အမျိုးသမီးတို့သည်လဲ သူတို့အား ကြည့်​နေကြ​လေသည်။

ခဏအကြာတွင် သူတို့ဟာ တိုက်ရိုက်​လျှောက်လှမ်းလာခဲ့ကြ​၏။

"ယွင်ရှီ နင်လဲ ဒီ​ရောက်​နေတာပဲ" ကျူးရွယ်ယင်းက ဆိုလာခဲ့သည်။

ပိုင်ယွင်ရှီသည် မျက်​​မှောင်ကြုတ်မိသွား​​လေ၏။ သူ့အကိုကြီးနှင့် မရီးတို့နှင့် ဝင်တိုးမိသည်မှာ တစ်​ယောက်​ယောက်နှင့် အိပ်ရာ​ပေါ်တွင် အတူရှိ​နေတာကို ဖမ်းမိသွားသလိုမျိုး ဘာ​ကြောင့်ခံစား​နေရမှန်း မသိ​တော့​ပေ။

ထို့​နောက် ကျူးရွယ်ယင်းက ယဲဖန်အား ​ခေါင်းငြိမ့်ပြလိုက်ပြီး "သခင်​လေးယဲ မ​တွေ့ရတာကြာ​ပြီ​နော်"

ယဲဖန်လဲ သူမအား ​ခေါင်းပြန်ငြိမ့်ပြလိုက်ကာ "မ​တွေ့ရတာကြာပြီ​နော်။ မင်းတို့လဲ ဒီမှာ လာစားကြတာလား"

ကျူးရွယ်ယင်း "ဟုတ်တယ်​လေ"

"အား မင်းတို့ ​နောက်ကျလွန်း​နေပြီ။ ထိုင်ခုံမရှိ​တော့မှာကိုပဲ ငါစိုးရိမ်မိတယ်။ ကျွန်​တော်တို့ စားပွဲတစ်ခုတည်း ထိုင်လိုက်ကြရင်​ကော ဘယ်လိုလဲ" ယဲဖန် အကြံပြုလိုက်​လေသည်။

ပိုင်ယွင်ရှီက မျက်​မှောင်ကြုတ်ရင်း တစ်ခုခု​ပြောခါနီးတွင် ပိုင်ယွင်ကျင်းက သ​ဘောတူပြီးသွား​လေပြီ "​ကောင်းတာ​ပေါ့။ ငါတို့​​တွေ အရမ်းနောက်ကျ​နေတာမို့ စားပွဲမရ​တော့မှာကို စိုးရိမ်​နေခဲ့တာ"

ပိုင်ယွင်ရှီက မျက်လုံးလှိမ့်ပြလိုက်ကာ ​တွေး​နေမိ​လေသည် 'လုပ်စမ်းပါ၊ မင်း ဒီမှာ မင်းရဲ့ အထူးသီးသန့်ခန်းရှိတယ်​လေ'

"သခင်​လေးယဲ အခု မင်းဘာ​တွေလုပ်​နေလဲ" ပိုင်ယွင်ကျင်းက ​မေးလိုက်သည်။

"ကျွန်​တော်လား။ ကျွန်​တော့်မှာ လုပ်စရာအလုပ်မရှိဘူး။ မကြာ​​သေးခင်က ယွင်ရှီက အလုပ်ရှာခွင့်မပြုဘဲ သူ့ရဲ့ အ​ပျော်လင်​ လုပ်ဖို့ ​တောင်းဆိုထားတာ။ မင်းလဲ သိပါတယ် ကျွန်​တော်က မလုပ်ချင်​ပေမဲ့ သူက အတင်းအကျပ်​တိုက်တွန်း​နေ​တော့တာပဲ​လေ" ယဲဖန်က ဝမ်းနည်းစွာ ဆိုလာခဲ့သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now