အခန်း (၅၃)

1.4K 232 24
                                    

Unicode

ယဲဖန်ဖုန်း မြည်လာခဲ့​လေသည်။ သူ ထုတ်ကြည့်လိုက်​​သောအခါ ၎င်းက လုံခြုံ​ရေးအ​စောင့် ​ခေါ်​နေခြင်းပင် ဖြစ်၏။

"ဟုတ်ပါတယ်။ သူက ကျွန်​တော့်သူငယ်ချင်းပါ"

"​အို​ကေ ကျွန်​တော် သိပြီ။ သူ့ကို အထဲဝင်ခိုင်းလိုက်ပါ"

ချိုက်ကျန်ကျွင်းက သူ့အားကြည့်ကာ ​မေးလာ​လေသည် "ဘယ်သူတုန်း"

"တစ်​ယောက်​ယောက်က တစ်ခုခုပို့​ပေးလိုက်တာ။ ဒါ​ပေမဲ့ လုံခြုံ​ရေးအ​စောင့်​တွေက ဝင်ခွင့်မပြုလို့​လေ" ယဲဖန်က ပြန်​ဖြေလိုက်၏။

ထရပ်ကားတစ်စီး ​မောင်းဝင်လာခဲ့​​လေသည်။ ကျန်းစီလျန်က ထရပ်ကား​ပေါ်မှ ဆင်းလာခဲ့​သည်။ ချိုက်ကျန်ကျွင်းသည် ကျန်းစီလျန်အား​ တွေ့လိုက်​ရသောအခါ ထိတ်လန့်သွား​ခဲ့သည်။ အဲ့ဒါက ထိုသူ​ဌေးကြီး​လေ။

"ဆရာသခင်​လေးယဲ မင်း​တောင်းဆိုထားတာကို လာပို့​ပေးတာပါ" ကျန်းစီလျန်က ​လေး​လေးစားစား ​ပြောလာခဲ့သည်။

ယဲဖန်က ​ခေါင်းငြိမ့်ပြကာ ​"​ကျေးဇူးအများကြီးတင်ပါတယ်"

ချိုက်ကျန်ကျွင်းက မျက်​တောင်ခတ်ကာ ယဲဖန်၏အသွင်အပြင်အသစ်တစ်ခုလုံးကို မကြည့်ပဲ မ​နေနိုင်ခဲ့​ပေ။ သစ်သားပိုင်း​လေးတစ်ခုအတွက်နဲ့ သူ​ဌေးကျန်းက လူကိုယ်တိုင် လာပို့တာလား။ ဒါက သူ​ဌေးကျန်းနှလုံးသားထဲတွင် ယဲဖန်အ​နေအထား ဘယ်လိုရှိ​ကြောင်း ​ပြောပြနိုင်​ပေသည်။

"မင်္ဂလာပါ သူ​ဌေးကျန်း" ချိုက်ကျန်ကျွင်းက လေးစားစွာ နှုတ်ဆက်လိုက်၏။

"ဒါက သခင်​လေးချိုက်​လေ တိုက်ဆိုင်လိုက်တာ" ကျန်းစီလျန်က သူ့အား ​ခေါင်းငြိမ့်ပြလိုက်​လေသည်။

"သစ်သားပိုင်းပေါ်က ဘာကြီးလဲ သူ​ဌေးကျန်း" ထို​ပေါ်ရှိအ​ဆောင်က ချိုက်ကျန်ကျွင်းအားဆွဲ​ဆောင်သွားခဲ့ပြီး ထိုအရာကို ဖယ်ရှားပစ်ရန် ကြိုးစားလိုက်​လေသည်။

ကျန်းစီလျန်က သူ့လက်​အား ဆုပ်ကိုင်လိုက်ကာ ​​လေးနက်စွာ ​ပြောလာခဲ့သည် "မင်းအဲ့ဒါကို ထိလို့မရဘူး။ ဒါက သရဲ​တွေ မကပ်လာနိုင်​အောင်လို့ ဆရာသခင်​လေးယဲ ကိုယ်တိုင်ကပ်ထားတဲ့ အ​ဆောင်ပဲ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now