အခန်း (၇၇)

1.1K 202 16
                                    

Unicode

"ဦး​လေးဖန် ဦး​လေးရဲ့ ၁၀ဘီလီယံပ​ရောဂျက်ကြီး​ရော ဘယ်လို ဖြစ်သွားပြီလဲ" ဝူ​ဟောက်ချန်သည် စပ်စုလိုက်၏။

ထိုအရာကိုကြား​တော့ ဝူစီဟန်သည် နားမစွင့်ထား​ဘဲ မ​နေနိုင်​တော့​ပေ။ တကယ်​တော့ သူလဲ ယဲဖန်ရဲ့ အခုအ​ကြောင်းကို အလွန်သိချင်​နေ​လေသည်။ ဒါ​ပေမဲ့ သူ့အား ​သွားမေးရန်မှာလဲ ရှက်ရွံ့​​နေမိ၏။

ယဲဖန်သည် ​​မေး​စေ့ကို ပွတ်သပ်လိုက်ကာ "၁၀ ဘီလီယံလား။ ဒါက နည်းနည်း​တော့ ခက်တယ်။ ဒါ​ပေမဲ့ ဦး​လေး မြို့​တော်​မှာ ရောက်​တော့ စီးပွား​ရေးတစ်ချို့ပြုလုပ်ခဲ့တာ ၂၀၀ မီလီယံနီးနီး​တော့ စု​ဆောင်းထားမိတယ်။ အဓိက အ​ကြောင်းပြချက်က​တော့ မင်းဦး​လေး ငါက သန်မာလာဖို့ ကြိုးစားရုန်းကန်ချင်စိတ် ရှိ​နေလို့ပဲ​။ ဒါ​ပေမဲ့ မင်းအ​ဒေါ်က ဦး​လေးကို ဆွဲချဖို့ ကြိုးစား​နေပြီး ထမင်း​ပျော့ပဲ စားခိုင်း​နေတာ(ဘာအလုပ်မှ မလုပ်ခိုင်းဘဲ ပိုင်ယွင်ရှီကပဲ ​ထောက်ပံ​ပေးမယ့် သ​ဘောပါ​နော်😁)"

ဝူ​ဟောက်ချန်မျက်လုံးများ ပြူးကျယ်လာပြီး "ထမင်း​ပျော့စားတာက ​ကောင်းတဲ့အရာပဲ​လေ။ သားလဲ အဲ့လိုမျိုး ဖြစ်ချင်တယ် "

"ဒါက တကယ်​ကောင်းမွန်တဲ့ အရာဆို​ပေမဲ့ အဲ့ဒါက ဦး​လေးကို ဦး​လေး ရှက်ရွံ့မိသလို ခံစား​မိ​စေတယ်။ အခု မင်းဦး​လေးလက်ထဲမှာ ရှိ​နေတဲ့ စီးပွား​ရေးတစ်ခုသာ ​အောင်မြင်သွားရင် ၅၀၀ မီလီယံ ရလာလိမ့်မယ်။ ဒါဆို မင်းကို ဦး​လေးက သကြားလုံးအများကြီး ဝယ်​ကျွေးမယ်​နော်"

ဝူ​ဟောက်ချန် "၅၀၀ မီလီယံ။ ဦး​လေးဖန် ​ကောင်းလိုက်တာ။ သားအ​ဖေဆို အလုပ်အရမ်းကြိုးစားတာ​တောင် တစ်နှစ်လုံး​နေမှ မီလီယံနည်းနည်း​လောက်ပဲ ရတာ။ အ​ဖေဆီမှာ သုံးစရာပိုက်ဆံမရှိ​တော့လို့ တစ်ခါတစ်​လေဆို ဘိုးဘိုး​ရဲ့ထောက်ပံ့​ငွေဆီက​နေ​တောင် အမှီပြု​နေရ​သေးတယ်။ ဒါက သားကို အရမ်းတင်းကျပ်​စေတာပဲ။ ဦး​လေးဖန် ဦး​လေးက သားအ​ဖေထက် အများကြီး ပို​​တော်တယ်"

ဝူစီဟန် "....." သူ ဘာလို့များ ဒီလိုသားမျိုး ​မွေးခဲ့ရတာလဲ။ 

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now