အခန်း (၁၆)

1.5K 231 16
                                    

Unicode

"သခင်​လေးဖန် ငါ့ကို မှတ်မိ​သေးလား" ကျိုးကျင်းကျီသည် ယဲဖန်​ဘေးတွင် အပြုံးနှင့် ထိုင်လိုက်သည်။

ယဲဖန်သည် ​ခေါင်းငြိမ့်ကာ "မှတ်မိတယ်။ မင်းက ​ကျောက်စိမ်း​ရောင်းတဲ့ အမြတ်ကြီးစားတဲ့သူ​လေ။ ငါ​တောင်းဆိုထားတာကို ပို့ပြီးပြီလား"

"မပို့ရ​သေးဘူး" ကျိုးကျင်းကျီက ပြန်​ဖြေသည်။

ယဲဖန်သည် မျက်​မှောင်ကြုတ်လျက် "မင်းရဲ့ လုပ်​ဆောင်ချက်တွေက အရမ်းနိမ့်လွန်းတာပဲ"

"ငါတကယ်ကို အားနာပါတယ်" ကျိုးကျင်းကျီသည် ရှက်ရွံစွာ ပြုံးလိုက်သည်။

"ထားလိုက်ပါ​တော့"

"သခင်​လေးဖန် မင်း​နောက်ဆုံးအကြိမ်တုန်းက ​ပေးခဲ့တဲ့​ဆေးညွှန်းက ဘယ်လိုရခဲ့တာလဲ" ကျိုးကျင်းကျီသည် မ​မေးဘဲ မ​နေနိုင်​ခဲ့ပေ။

တကယ်​တော့ ကျိုးကျင်းကျီသည် ထိပ်တန်းဆရာသခင်ဆီက ​ဆေးညွှန်းရှာ​တွေ့ခဲ့သည်ဟု အကြီးအကဲပိုင်ကို ဖုန်း​ခေါ် ၍ပြော​စဥ်အခါက စ​နောက်ရုံသာ ဖြစ်သည်။ သို့​သော်လည်း ပိုင်မိသားစုမှ​ဒေါက်တာဟွာသည် ယဲဖန်​ပေး​သော ​ဆေးညွှန်းကို ​တွေ့လိုက်ပြီး​နောက် အံ့သြသွားကာ 'အံ့ဖွယ်ဆရာဝန်ပဲ၊ ဘယ်လို​တောင် အံ့သြဖို့ကောင်းတဲ့ ဆရာဝန်လဲ' ဟု ဆို​လေသည်။

ထို့​နောက် ​​လောင်ပိုင်သည် သူ့ကို ​ဖုန်းခေါ်ကာ ထိုထိပ်တန်းဆရာသခင်နှင့် မိတ်ဆက်​ပေးရန် ​တောင်းဆိုခဲ့သည်။

"ဒါ​ပေါ့ အဲ့ဒါက ကျွန်တော်ပဲ​" ယဲဖန်က ​ပြောသည်။

ကျိုးကျင်းကျီ "....."

"လွန်ခဲ့သည့်နှစ်နှစ်ခွဲ​လောက်က ​ရောဂါ​ဟောင်းက စဖြစ်တာမလား"

ကျိုးကျင်းကျီသည် ​ခေါင်းငြိမ့်ကာ "ဟုတ်တယ်"

"ဒါဆို နှစ်ဝက်​လောက် ကျန်သေးတယ်" ယဲဖန်က ​ခေါင်းခါသည်။

ကျိုးကျင်းကျီသည် သူ့ကိုကြည့်ကာ ​မေးလိုက်သည် "သူ့ကို ကုသဖို့ တစ်ခြားနည်းလမ်းရှိ​သေးလား" ကျိုးကျင်းကျီနှင့် ပိုင်မိသားစုမှ လူအိုကြီး ပိုင်ရှစ်ယွမ်တို့သည် ညီအကိုအရင်းလို ဖြစ်​နေ​သော​ကြောင့် ကျိုးကျင်းကျီသည် ပိုင်ယွင်ရှီအ​ပေါ် ဂရုစိုက်သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now