အခန်း (၄၅)

1.5K 219 10
                                    

Unicode

ပိုင်ယွင်ရှီ၏ဖုန်းမြည်လာလေသည်။ သူဖုန်း​ဖြေလိုက်ပြီး မကြာမီသူ့အမူအရာများ ​ပြောင်းလဲသွား၏။

"ဘာကိစ္စလဲ" ယဲဖန်က စိုးရိမ်စွာ ​မေးလိုက်သည်။

ပိုင်ယွင်ရှီက ​ခေါင်းခါရင်း "ဘာမှမဖြစ်ပါဘူး။ ငါ့အကိုကြီးရဲ့ သမီး​လေး ​နေမ​ကောင်းလို့ပါ။ အလုပ်ပြီးမှပဲ သူမကို သွားကြည့်ရမယ်"

ယဲဖန်က မျက်​တောင်ခတ်ကာ "​နေမ​ကောင်းတာလား။ ဒါဆို ငါလဲ မင်းနဲ့အတူလိုက်မယ်​လေ"

ပိုင်ယွင်ရှီက ​ခေါင်းခါရင်း "မလိုက်နဲ့ မလို....."

"ဘာလို့လဲ" ယဲဖန်က အံ့သြသွား​လေသည်။

"ငါ့အဖိုးလဲ အဲ့ဒီမှာ ရှိ​နေတယ်။ သူ မင်းကို ​တွေ့လိုက်ရင် ​ဒေါသထွက်လာမှာ ​ကြောက်တယ်" ပိုင်ယွင်ရှီက အ​လေးအနက်ဆို၏။

ယဲဖန်က သ​ဘောမတူစွာ "မင်းက အ​တွေးလွန်​နေတာ မဟုတ်ဘူးလား။ လူတိုင်းက ကျွန်​တော့်ကို နှစ်သက်ပါတယ်။ ပန်း​တွေ​တောင် ကျွန်​တော့်ကို ​တွေ့လိုက်တာနဲ့ ပွင့်လန်းလာကြတာ။ အဲ့လူအိုကြီးက ကျွန်​တော့်ကို မကြိုက်ဘူးလို့ ​ပြော​နေ​ပေမဲ့ သူ့စိတ်ထဲမှာ​တော့ ကျွန်​တော့်ကို အများကြီး နှစ်​သက်နေမှာပဲ​လေ။ တစ်ချို့လူကြီး​တွေက အဲ့ဒီလိုမျိုးပါပဲ။ သူတို့က ​အမြဲအော်​ငေါက်တတ်​ပေမဲ့ ​နောက်ပိုင်းမှာ တစ်​ယောက်​ယောက်က ကျွန်​တော့်ကို ဒီလို​အော်​ငေါက်နေတာက နက်နက်ရှိုင်းရှိုင်းချစ်​နေလို့ ဆိုပြီး ​ပြောခဲ့ဖူးတယ်"

အရင်ဘဝကဆို ပီယွင်ဂိုဏ်းရှိ လူကြီး​တော်​တော်များများက သူ့အား အပြစ်ရှာခြင်းကို နှစ်သက်ကြ​ပေမဲ့ ​နောက်ပိုင်းတွင် ထိုလူကြီးများက သူ့အားအ​တော်​လေးသ​ဘောကျတာကို ​တွေ့ရှိခဲ့ရုံသာမက သူတို့၏တပည့်မ​လေးများကိုပင် သူ့ကိုယ်လုပ်​တော်အဖြစ် လက်ထပ်​ပေးရန်ပါ ကြိုးစားခဲ့ကြ​သေးသည်။

ပိုင်ယွင်ရှီ "....." ယဲဖန်က တကယ့်ကို သူ့ကိုယ်သူ ယုံကြည်မှု လွန်ကဲလွန်း​နေတာပဲ။

"မင်းက ​တောက်ဆရာကျန်းအတွက် သွားပြီး လုပ်​ပေးတာ ပို​ကောင်းလိမ့်မယ်။ အချိန်အရမ်းကြာသွားလို့ အဲ့လူ​တွေဆီမှာ ​နောက်ဆက်တွဲ​တွေ ​ပေါ်လာလိမ့်မယ်ဆိုတာ မင်းသိလား" ပိုင်ယွင်ရှီက ​ပြောသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now