အခန်း (၈၃)

1K 199 12
                                    

Unicode

ယဲဖန်သည် ဝိညာဥ်အ​မွှေးနံ့သာအား ဖယ်ထုတ်လိုက်ပြီး ဖန်ချန်နှင့် ဟွမ်ယွဲ့အား ရှာရန် ဟိုတယ်ထဲသို့ ခိုးဝင်လာခဲ့သည်။

"မင်း ဘယ်လိုလုပ်ဝင်လာတာလဲ" ဖန်ချန်သည် ယဲဖန်ကို မြင်​တော့ ထိတ်လန့်သွား​လေသည်။

"ငါဝင်ချင်သလို ဝင်လာမှာ​ပေါ့" ယဲဖန်သည် ပြတင်း​ပေါက်၌ တိတ်တဆိတ် ရပ်​နေခဲ့၏။

သူ့ခန္ဓာကိုယ်သည် ​လေထဲလွင့်​နေသည်မှာ တစ္ဆေတစ်​ကောင်နှင့် တူ​နေ​​ပေသည်။

"မင်းဘာလိုချင်တာလဲ"

ယဲဖန်သည် နှုတ်ခမ်းအား ​ကွေးလိုက်ရင်း "မင်းက အရမ်း​တော်တာပဲ။ ငါ့ကို ဆန့်ကျင်ဖို့အတွက်နဲ့ ငါ့မိန်းမကို​တောင် အသုံးချဖို့ ​တွေးရဲ​သေးတယ်။ ဒါ​ပေမဲ့ ​တော်တဲ့လူ​တွေက အမြဲတမ်း ငယ်ငယ်ရွယ်ရွယ်နဲ့ ​သေကြတယ်တဲ့"

ယဲဖန်ခန္ဓာကိုယ်ထဲက​နေ ပြင်းထန်လှသည့်တိမ်မည်းများ ထွက်လာပြီး သူတို့နှစ်ဦးလုံးကို ထိမှန်သွားခဲ့သည်။

တိမ်မည်းများ ရစ်ပတ်ထား​သော လူနှစ်ဦးဆီမှ ​အော်ဟစ်သံများ ဆက်တိုက်ထွက်လာသည်။ မကြာမီမှာပဲ သူတို့ပါးစပ်မှ ​သွေးများထွက်လာကာ အသံရှုထုတ်သံများ ​ပျောက်ဆုံးသွားကြ​လေသည်။

ယဲဖန်လက်ထဲတွင် အသစ်​မွေးဖွားလာသည့် သရဲနှစ်​ကောင်ကို ဖမ်းဆီးထား​ခဲ့သည်။ သူသည် သူတို့မှတ်ဥာဏ်များကို အလျင်အမြန် ဖျက်ပစ်လိုက်ပြီး​နောက် သူတို့အား တစ္ဆေဝိညာဥ်အလံထဲသို့ ထည့်သွင်းလိုက်သည်။

သူတို့ကို ဖြေရှင်းပြီး​နောက် ယဲဖန်သည် ဘဲကင်ဆိုင်သို့ သွားခဲ့ပြီး ဘဲကင်များကို ဝယ်ယူကာ အိမ်ပြန်လာခဲ့သည်။

ဗီလာထဲတွင် ချိုက်စွိုက်က "သခင်​လေးပိုင် ဒီအခန်းက ထိတ်လန့်စရာ​ကောင်းတယ်လို့ မထင်ဘူးလား"

ပိုင်ယွင်ရှီက သူ့အား တစ်ချက်ကြည့်လိုက်ပြီး "ဒါက သရဲ​ခြောက်တဲ့အိမ်​လေ။ ဘာမှမထူးဆန်းပါဘူး"

ချိုက်စွိုက်သည် ပြတင်း​ပေါက်ဘက် ကြည့်လိုက်​တော့ ထူးဆန်းသည့်အဝတ်အစားများဝတ်ဆင်ထားသည့် လူတစ်ဦးက လှမ်းကြည့်​နေတာကို ​တွေ့လိုက်ရသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now