အခန်း (၈၈)

1.1K 229 58
                                    

Unicode

ကျောက်ရှီကုမ္ပဏီ၌

ယဲဖန်သည် ဆိုဖာ​ပေါ်တွင် လဲ​လျောင်း​နေပြီး ပန်းသီးတစ်လုံးအား စား​နေခဲ့သည်။

"ငါ့ကို ​ပြောစမ်း မ​နေ့က မင်းအဘိုး လက်​ဆောင်ဘယ်​နှစ်ခုတောင် ရခဲ့လဲ" ယဲဖန်က ​မေးလိုက်သည်။

"မသိဘူး"

"​မွေး​နေ့ပွဲ​လေးတစ်ခုမှာ​တောင် မင်းအဘိုးက ဝင်​ငွေအများကြီးရခဲ့ပြီး ငါကျ​တော့ အကြိမ်တိုင်း ငါ့အသက်ကို စွန့်စားခဲ့ပြီးမှ တစ်ဘီလီယံပဲ ရရှိခဲ့တာ"

ပိုင်ယွင်ရှီ "....." မင်းမျက်လုံးထဲမှာ တစ်ဘီလီယံက​တောင် မများဘူးတဲ့လား။ တစ်ခြားလူ​တွေတံ​ထွေးခွက်ထဲ ​နစ်မြောမှာ မ​င်းမကြောက်ဘူးလား။

"မင်းအဘိုးလောက် စွမ်း​ဆောင်ရည်ရှိဖို့ ငါဆု​တောင်းတယ်ကွာ" ယဲဖန်က ညည်းညူလိုက်သည်။

"လူတိုင်းက သူ့လိုမျိုး စွမ်း​ဆောင်နိုင်စွမ်းမရှိကြကြဘူး"

ယဲဖန်က ပျင်းရိစွာဖြင့် "မင်းအဘိုးက အသက်နည်းနည်းကြီးတယ်​လေ။ ကိုယ်ပိုင်စွမ်း​ဆောင်ရည်အရဆို ငါက သူ့ထက်ပို​တော်တယ်"

"ဟုတ်တယ်၊ မင်းက စွမ်း​ဆောင်နိုင်စွမ်းအရှိဆုံးပဲ။ မ​နေ့က လူ​တော်​တော်များများက မင်းဆီ စကားလာ​ပြောကြတာကို ငါ​တွေ့ခဲ့ရတယ်" ပိုင်ယွင်ရှီက ​ပြောလိုက်သည်။

ယဲဖန်က ​​ခေါင်းငြိမ့်လိုက်ပြီး "ဒါ​ပေါ့ ငါက စွမ်း​ဆောင်နိုင်စွမ်းအလုံအ​လောက်ရှိတယ်​​လေ။ ဒါ​ကြောင့် သူတို့အားလုံးက ဆက်သွယ်​ရေးတစ်ခု တည်​ဆောက်​ချင်​နေကြတာ"

"မင်းနဲ့ ကျန့်စီလျန်တို့ အကြာကြီး စကား​ပြော​နေတာ ​တွေ့ခဲ့တယ်" ပိုင်ယွင်ရှီက ​ပေါ့​ပေါ့ပါးပါး ​ပြောလိုက်သည်။

"ဒါက သူ့ရဲ့ ကံမ​ကောင်းတဲ့နှစ်​ကြောင့်လား ဘာလား​တော့ ငါမသိဘူး။ အဲ့ဒီလူက အမြဲတမ်း ကံဆိုးတာ​တွေနဲ့ပဲ ​တွေ့ဆုံ​နေခဲ့ရတာ။ ယွမ်ယီ​သေပြီတဲ့ ​ကြောက်စရာ​ကောင်းလှတဲ့ ​သေဆုံးခြင်းမျိုးနဲ့​ပေါ့။ ဒါ​ကြောင့် ယွမ်ယီ​နောက်မှာ တစ်​ယောက်​ယောက်ရှိ​​နေတယ်လို့ ငါသံသယဝင်​နေမိတယ်" ယဲဖန်က ​ဆိုလိုက်သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now