အခန်း (၉)

1.6K 260 3
                                    

Unicode

ယဲဖန်သည် ခြေလက်များဆန့်ထုတ်ရင်း နောက်ခုံတွင် လဲလျောင်း​​နေပြီး ကျန့်ဟိုက်လင်သည် ကားကိုမောင်းကာ ယဲဖန်၏ ထူးထူးခြားခြား ဆွဲ​ဆောင်မှုရှိသောကိုယ်ဟန်ကို နောက်မှန်မှတဆင့် ​တွေ့လိုက်ရသည်။

"သခင်လေးယဲ မင်းပင်ပန်းနေတာလား"

"မင်းသိပါတယ် ငါသူမကိုခက်ခက်ခဲခဲ ပြုလုပ်လိုက်ရတာ ငါနည်းနည်းပင်ပန်းနေလို့" ယဲဖန်သည် ပျင်းရိစွာ ပြောလိုက်သည်။

ကျန့်ဟိုက်လင်က "....." သူ့စကားတွေက ဘာလို့မရေမရာ ဖြစ်နေရတာလဲ။ 

"သခင်လေးယဲ ငါတို့အကိုကြီးဆီမှာ နောက်ဆက်တွဲတွေ ရှိသေးလား"

ယဲဖန် "မင်းသိချင်တာလား" 

ကျန့်ဟိုက်လင်သည် ခေါင်းငြိမ့်ကာ "ဟုတ်ကဲ့" 

ယဲဖန်သည် သက်ပြင်းချကာ "မင်းသိချင်တယ်ဆိုတော့ ငါပြောပြမယ် သူ့ဘဝသက်တမ်းက နှစ်အနည်းငယ်လောက် လျော့သွားတာ။ အမှန်တော့ မင်းရဲ့အကိုကြီးတင် မကဘူး။ မင်းရဲ့ သက်တမ်းလဲ နည်းနည်းတိုသွားလိမ့်မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ မင်းက တစ်လ၊ နှစ်လလောက်ပဲ တိုပေမဲ့ မင်းရဲ့အကိုကြီးနဲ့ယှဥ်ရင် မင်းကကံကောင်းပါတယ်" 

ကျန့်ဟိုက်လင်သည် ဘရိတ်ကို နင်းလိုက်ကာ ယဲဖန်သည် ရုတ်တရက် လန့်သွားလေ၏ "ဘာလို့ရပ်လိုက်တာလဲ" ယဲဖန်သည် ရှုံမဲ့စွာ မေးလိုက်သည်။ 

"ငါ သက်တမ်းတိုမယ်လို့ မင်းပြောလိုက်တာလား။ ဒါကို ကုသလို့ ရနိုင်မလား" ကျန့်ဟိုက်လင်သည် စိုးရိမ်တကြီး မေးလိုက်သည်။

ယဲဖန်သည် ထိတ်လန့်စွာကြည့်ရင်း စိတ်ရှုပ်စွာ မေးလိုက်သည် "မင်း အခုမှ ဘာလို့ကြောက်နေရတာလဲ။ ညဥ့်နက်သန်းခေါင် တောထဲမှာ သရဲတစ္ဆေတွေနဲ့အတူ ထွက်ကစားသေးတယ်။ ဒါက မင်းဘဝကို ဂရုမစိုက်ဘူးလို့ ဆိုလိုတာပဲလေ။ ပြီးတော့ ငါ အခု ပြောလိုက်တာက မင်းအသက်က ရက်နည်းနည်းပဲ လျော့မှာလို့ပဲ ​ပြောတာ ဘာလို့ အဲ့လိုကြည့်ရတာလဲ"                                                                                                                                                          

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now