အခန်း (၁၅)

1.6K 237 18
                                    

Unicode

ယဲဖန်သည် ကျောက်စိမ်းဆွဲသီးထဲသို့  တစ်ညလုံး အချိန်​ပေးကာ ​ပုံစံအချို့ကို ​ရေးထွင်းထား​တာကြောင့် ကာကွယ်​ရေးနှင့်ကျန်းမာ​ရေးဆိုင်ရာ လုပ်​​ဆောင်ချက်များကို လုပ်​ဆောင်​ပေးနိုင်သည်။

ယဲဖန်သည် ဝူမိသားစုထံသို့ ​စော​စော​ရောက်ရှိသွားကာ လက်​ဆောင်ကို ​ပေးလိုက်သည်။ လူတိုင်းသည် သူ၏ဆိုးဝါး​သောဂုဏ်သတင်း​အကြောင်း သိ​သော​ကြောင့် မိသားစုအခွဲများက လူ​တွေ​တောင် စကားမ​ပြောကြ​ပေ။ သူ့တူငယ်​လေး ဝူ​ဟောက်ချန်ကသာ ဧည့်ဝတ်​ကျေပွန်​လေသည်။

"ဦး​လေးဖန် ဘာစားမလဲ။ ကျွန်​တော် မင်းအတွက် ယူ​ပေးမယ်​လေ"

"ဦး​လေးဖန် ပုခုံး​တွေ​ညောင်း​နေလား။ကျွန်​တော် နှိပ်​ပေးရင်​ရော ဘယ်လိုလဲ"

"ဦး​လေးဖန် ဘာ​သောက်မလဲ။ နွားနို့၊ ​အ​အေး ဒါမှမဟုတ် ​ကော်ဖီလား"

.....

ဝူစီဟန်သည် ယဲဖန်အား အ​စေခံတစ်​ယောက်လို ဧည့်ခံ​နေသည့် သူ့သားကို ကြည့်ပြီး မျက်​မှောင်ကြုတ်လိုက်သည်။ ဒါကို သတိထားမိ​တော့ ထန်နင်က ဝူစီဟန်အား "​ဟောက်ချန်က ဒီဦး​လေးကို တကယ် သ​ဘောကျ​နေတာပဲ" ​လို့ ပြောလိုက်သည်။

ဝူစီဟန်သည် မျက်​မှောင်ကြုတ်ပြီး ခါးသီးစွာ ဆို​လေသည် "ဟုတ်တယ်။ သူက မ​ကောင်းဆိုးဝါး ဘာလဲဆိုတာ မသိဘူး။ သူက ငါ့ကို အဲ့လိုမျိုးတစ်ခါမှတောင် မလုပ်​ပေးဖူးဘူး"

ထန်နင်က ပြုံးကာ "​မေ့လိုက်ပါ။ ​ဟောက်ချန် နဲ့ ယဲဖန်က ​ကောင်းတဲ့ဆက်ဆံ​ရေးရှိတယ်။ ဒါက ဆိုးတဲ့အရာလဲ မဟုတ်ပါဘူး"

ယဲဖန်သည် ​ဟောက်ချန်ကို အနည်းငယ်အကဲခတ်လိုက်ကာ "​ကောင်းပြီ။ ​ရှောက်ချန် တစ်ခုခုရှိရင်လဲ ငါ့ကို​ပြောလိုက်။ အခုချိန်မှာ မင်းဘာ​ပြဿနာတွေ လုပ်ထားတာလဲ။ ငါ့အကူအညီကို လိုအပ်​နေလို့လား"

ဝူ​ဟောက်ချန်သည် စူပုပ်ပုပ်ဖြင့် ကြည့်ကာ "ဦး​လေးဖန် ငါ့ကို ​ရှောက်ချန်လို့မ​ခေါ်နဲ့။ အဲ့တာက ပိုးးဟပ်နဲ့တူတယ်"

ယဲဖန် "....." မင်းနာမည်ကို မင်းမိဘ​တွေက ​ပေးခဲ့တာ​လေ။ သူတို့ဆီမှာ အမြင်မရှိတာကို ဘာလို့ ငါ့လာအပြစ်တင်​နေရတာလဲ။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now