အခန်း (၈၂)

1.4K 265 26
                                    

Unicode

​ကျောက်ရှီကုမ္ပဏီ၏လမ်းတစ်ဖက်ခြမ်းတွင် ကားတစ်စီးရပ်ထား​လေသည်။ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ဟာ ယဲဖန်နှင့် တစ်ခြားလူများထွက်လာသည်ကို ​စောင့်ကြည့်​နေခဲ့​၏။

"သူတို့ထွက်လာပြီ။ ငါတို့ အခု လှုပ်ရှားသင့်လား" ဟွမ်ယွဲ့က ​မေးလိုက်သည်။

ဖန်ချန်က ရှက်ရွံ့စွာဖြင့် "ခဏ​လောက်​စောင့်လိုက်အုံး"

ဟွမ်ယွဲ့က မျက်​မှောင်ကြုတ်လိုက်ကာ "ငါးရက်ရှိ​နေပြီ။ ငါတို့​တွေ ချိုက်စွိုက်ကို မဖမ်းဆီးနိုင်ဘူးဆိုရင် ငါတို့​မြေ​အောင်ငရဲနန်း​တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လာလိမ့်မယ်"

"မ​နေ့က ဂျွန်အသတ်ခံလိုက်ရတယ်။ အခု ငါတို့​တွေ အလျင်စလို ပြုမူလိုက်ရင် ငါတို့လဲ အဆုံးသတ်​ကောင်းမှာ မဟုတ်ဘူး​နော်" ဖန်ချန်က ဆို၏။

ဂျွန်ဆိုသည်မှာ ယဲဖန်သတ်လိုက်သည့် နိုင်ငံခြားသားမျိုးဗီဇ​ပြောင်းစစ်သည်​တော် ဖြစ်​လေသည်။ သူက ​မြေ​အောက်ငရဲနန်း​တော်၏အဖွဲ့ဝင်တစ်ဦးမဟုတ်​​ပေမဲ့ နိုင်ငံခြားက ​လေ့ကျင့်​ပေးထားသည့် မျိုးဗီဇ​ပြောင်းစစ်သည်တစ်ဦးဖြစ်​လေသည်။ နိုင်ငံခြားအဖွဲ့အစည်းက ချိုက်စွိုက်ကို အသက်ရှင်လျက် ဖမ်းဆီးရမှာ ကူညီဖို့ ​မြေ​အောက်ငရဲနန်း​တော်ကို ငှားရမ်းရာ၌ ​ငွေ​ကြေးအ​မြောက်အမြားသုံးစွဲထားခဲ့သည်။ သူတို့သာ မလုပ်နိုင်ခဲ့လျှင် သူ့အား သတ်ပစ်နိုင်​လေသည်။ ဂျွန့်ခွန်အားသည် ​မြေ​အောက်ငရဲနန်း​တော်၏​ရွှေ​ရောင်အဆင့် သတ်ဖြတ်သူနှင့် အဆင့်အတန်းတူညီ​​လေသည်။

ဟွမ်ယွဲ့က မျက်​မှောင်ကြုတ်သွားသည် "ဒါ​ပေမဲ့ ငါတို့က ဒီမှာဘာမှ မလုပ်​ဆောင်နိုင်​သေးဘူး​၊ အနည်းဆုံး​တော့ သူတို့​လူ​တွေ ထပ်မ​စေလွှတ်ခင် ငါတို့က အသုံးဝင်နိုင်​လောက်မယ့် အချက်အလက်တစ်ချို့​တော့ ကျွမ်းကျင်ထားရမယ်​လေ"

ဖန်ချန်က​ ​ခေါင်းငြိမ့်ရင်း "ငါတို့က သူတို့ကို ​နောက်​ယောင်ခံလိုက်နိုင်​ပေမဲ့ အရမ်းတင်းတင်းကျပ်ကျပ်​တော့ မလုပ်နဲ့"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now