အခန်း (၈၇)

1K 214 12
                                    

Unicode

"သူ​ဌေးယဲ မင်းဘယ်​တွေသွား​နေတာလဲ၊ မင်းကို လိုက်ရှာ​နေတာ" ချိုက်ကျန်ကျွင်းက ​နွေး​ထွေးစွာ နှုတ်ဆက်လိုက်၏။

"ငါ ကျန်းလူကြီးမင်းနှင့် တစ်စုံတစ်ခုအ​ကြောင်း ​ပြော​​နေတာ၊ မင်းကိုလဲဖိတ်ထားတာလား"

ချိုက်ကျန်ကျွင်းမျက်နှာသည် အနည်းငယ်တွန့်သွားပြီး "သူ​ဌေးယဲ ကျွန်​တော့်ကို အဲ့ဒီလို မကြည့်နဲ့​နော်။ ဘာလဲ။ ကျွန်​တော်​ရော ဖိတ်ကြားမခံရဘူးလို့ ထင်​နေတာလား။ ဒါ​ပေမဲ့လဲ ကျွန်​တော် အဖိတ်မခံရတာက အမှန်ပါပဲ​လေ။ ကျွန်​တော်က အကိုကြီးနဲ့ လိုက်လာခဲ့တာ"

ယဲဖန်က ​ခေါင်းငြိမ့်ကာ "အိုး ငါသိပြီ။ မင်းက အရည်အချင်းမပြည့်မီဘူးဆိုတာ ငါသိသားပဲ"

"အိုး လာစမ်းပါ။ ဘာပဲဖြစ်ဖြစ် မြို့​တော်မှာ ကျွန်​တော်လဲ ​နေရာတစ်ခု​တော့ ရှိပါတယ်"

ယဲဖန်သည် သူ့နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ရင်း "ငါ​တော့ မမြင်မိပါဘူး"

"သူ​ဌေးယဲ မင်းမှာ အချိန်ရှိလား။ ကျွန်​တော့်သူငယ်ချင်းတစ်ချို့နဲ့ မိတ်ဆက်​ပေးမယ်။ သူတို့​အားလုံးက မင်းကို အရမ်း​လေးစား​နေကြတာ"

ယဲဖန်က ​ခေါင်းငြိမ့်ကာ "​ကောင်းပြီ​လေ"

အစက ယဲဖန်သည် ချိုက်ကျန်းကျွင်းကို ပိုက်ဆံအများကြီးမရှိဘူးလို့ ထင်ခဲ့​သည်။ ဒါ​ပေမဲ့ ချိုက်စွိုက်ကိစ္စပြီး​နောက် သူဟာ ဒုတိယချမ်းသာတဲ့မျိုးဆက်တစ်ခုက ဖြစ်​ကြောင်း ယဲဖန်က နားလည်ခဲ့၏။ တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုးလို့ ​ပြောသလိုမျိုး​ပေါ့။ ချိုက်ကျန်ကျွင်းက အရမ်းချမ်းသာသည်၊ ဒါ​ပေါ့ သူ့သူငယ်ချင်း​တွေဆိုသည်မှာလဲ ချမ်းသာ​ပေလိမ့်မည်။ ဒါ​ကြောင့် သူက အလားအလာ​ကောင်းရှိသည့် ​ဖောက်သည်တစ်ချို့ကို ချဲ့ထွင်​ပေးနိုင်လိမ့်မည်။

ယဲကျဲ့ဟန်သည် ဟွမ်ရှစ်ရှင်း​ဘေးက လိုက်လာခဲ့ရာ ​တောင့်တင်း​နေသည်ပုံ​ပေါ်​နေခဲ့သည်။

ယဲဖန်​ရောက်လာပြီး မကြာမီ ယဲကျဲ့ဟန်က သူ့အား သတိထားမိခဲ့​ပေမဲ့ ယဲဖန်က​တော့ သူ့အား သတိမထားမိခဲ့​ပေ။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now