Unicode
ကျန်းဝန်ထောက်သည် ရောက်လာပြီး မေးလေသည် "ညီလေး မင်းသခင်လေးပိုင်ကို လိုက်ဖို့ ကြိုးစားနေတာလား"
ယဲဖန်သည် သူ့မျက်နှာကို ပွတ်သပ်လိုက်ပြီး "ဟုတ်တယ်။ ဒါပေမဲ့ သူက အရမ်းအေးစက်တာပဲ။ မင်းသိပါတယ်။ ငါ့ကိုဆို လိုက်နေတဲ့သူတွေအများကြီးပဲ" သို့သော် ဒီကမ္ဘာပေါ်ရောက်လာပြီးမှ သူက မကျော်ကြားတော့သလို ခံစားလိုက်ရသည်။ ထင်ထင်ရှားရှားပင် သူသည်အရင်ကထက် ပိုထက်မြက်လာပြီး ဤလောကတွင်တောင် ကျင့်ကြံနိုင်သေးတယ်လေ။
"ကံကောင်းပါစေ ညီလေး" ပိုင်မိသားစုမှ လူအိုကြီးသာ ပိုင်ယွင်ရှီကို ဒီလိုအရူးက လိုက်နေသည်ကိုသာ သိလျှင် သူသည် သင်ခန်းစာကောင်းကောင်းပေးခံရလိမ့်မည်။
ယဲဖန်သည် ကောင်းကင်ကို ကြည့်ရင်း "ဒီည လရောင်မရှိဘူး။ ဒုက္ခအကြီးကြီး ဖြစ်လိမ့်မယ်"
ကျန်းဝန်ထောက်က ခေါင်းငြိမ့်ကာ "ဟုတ်တယ်။ နက်ဖန်ရာသီဥတုက ဆိုးဝါးလိမ့်မယ်"
ထို့နောက် ယဲဖန်က စိတ်ဓါတ်ကျစွာ ပြောလေသည် "ပိုင်ယွင်ရှီက သူနဲ့အတူအိပ်ရတာကို မကြိုက်ဘူး။ ငါကလဲ သူစိမ်းတွေနဲ့ လူထူထပ်တဲ့တဲတွေကို မကြိုက်တာကြောင့် မအိပ်ဘူး"
ကျန်းဝန်ထောက် "....."
ယဲဖန်သည် နှုတ်ခမ်းကို ကိုက်ရင်း တစ်ညလုံး တရားထိုင်ရန် ရည်ရွယ်လိုက်သည်။ ဤနေရာရှိ ချီစွမ်းအင်သည် ပေါများလွန်းကာ ကျင့်ကြံရန်အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်သည်။
မကြာခင်မှာပဲ ယဲဖန်နှင့် ကင်းလှည့်တပ်သားအချို့မှလွဲ၍ ကျန်လူများအားလုံး အိပ်ပျော်သွားခဲ့သည်။
ပိုင်ယွင်ရှီသည် သူ့တဲထဲတွင် အိပ်ပျော်နေစဥ် အပြင်ဘက်မှ သီချင်းဆိုသံကို ကြားလိုက်ရသည်။ ထို့နောက် သူသည် ထလာကာ တဲကိုဖွင့်၍ အပြင်သို့ထွက်လာခဲ့သည်။
မိန်းမောတွေဝေနေစဥ် သူသည် နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးအားမျက်နှာချင်းဆိုင် တွေ့လိုက်ရသည်။ ပိုင်ယွင်ရှီက မထိန်းချုပ်နိုင်စွာ ထိုနန်းတွင်းဝတ်စုံနှင့်အမျိုးသမီးထံသို့ လျှောက်သွားလေသည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...