Unicode
ဆရာကြီးယွမ်၏ စိတ်အားထက်သန်မှုနှင့် အာမခံချက်များပြောနေသည်ကို ကြားတော့ ထိုလူငယ်သည် မျက်မှောင်ကြုတ်လိုက်ပေသည်။ သူ့စကားများသည် ဘာမှမပြောသလိုမျိုးနှင့် တူသည်။ သို့သော်လည်း လူငယ်က ငွေပေးနေဆဲ ဖြစ်သည်။
"ညီလေး မင်းကရော ဗေဒင်ဆရာပဲလား" ကျန့်ဟိုက်လင်သည် ယဲဖန်ကို ကြည့်ကာ ရင်းနှီးသလိုခံစားလိုက်ရသည်။
ဆန်မြို့တော်၌ ယဲဖန်၏နာမည်ဂုဏ်သတင်းသည် ဆိုးရွားလှသည်။ သို့သော် လူအများစုသည် သူ့နာမည်ကို ကြားဖူးပေမဲ့ လူအနည်းစုကသာ သူ့ကို မြင်ဖူးကြသည်။ ကျန့်ဟိုက်လင်သည် အရင်က ယဲဖန်ကို မြင်ဖူးပေမဲ့ ယဲဖန်၏ ဝတ်စားဆင်ယင်မှုနှင့် စိတ်နေစိတ်ထားသည် သိသိသာသာ ပြောင်းလဲသွားသည့်အတွက် အစ၌ မှတ်မိရုံမျှသာ ဖြစ်သည်။
ယဲဖန်၏ မိထွေးသည် သူ့ကို ယဲမိသားစု၏လုပ်ငန်းများကို အမွေဆက်ခံရန် မလိုလားသည့်အတွက် သဘာဝအတိုင်း သူမက သူ့တည်ရှိမှုကို မှေးမှိန်ထားသည်။ ထို့ကြောင့် ယဲဖန်သည် ပါတီအမျိုးမျိုးကို တက်ရောက်မှုနည်းသောကြောင့် လူအနည်းစုသာ သူ့အားတွေ့ဖူးလေသည်။
ယဲဖန်သည် ခေါင်းခါလိုက်ပြီး "ငါက အဆောင်တွေရောင်းတာ"
"မင်းမှာ ဘာအဆောင်တွေ ရှိလဲ" ကျန့်ဟိုက်လင်က မေးသည်။
"ဘေးကင်းလုံခြုံရေး နှင့် ကုသရေးအဆောင်တွေ" ယဲဖန်က ပြောသည်။
"တခြားဟာတွေရော ရှိလား"
ယဲဖန်သည် လူငယ်ကို ကြည့်လိုက်ရင်း မေးစေ့ကိုပွတ်သပ်ကာ "မင်းက သရဲနှင်ထုတ်တဲ့အဆောင် လိုချင်တာလား။ မင်းဆီမှာ ယင်ဓါတ် နဲ့ တစ္ဆေအငွေ့အသက်တွေ လေးလံနေတယ် ဒါမဲ့အဆင်ပြေပါတယ်။ မင်းမှာ ယန်ဓါတ် အနည်းငယ်တော့ရှိတယ်။ ရက်အနည်းငယ်အတွင်းတော့ မင်း ပြန်ကောင်းလာလိမ့်မယ်။ မင်း သူတို့ကို မလိုအပ်ဘူး။"
ကျန့်ဟိုက်လင်သည် ထိတ်လန့်တုန်လှုပ်သွားပြီး "မင်းသိတယ် ငါ....."
ယဲဖန်သည် ခေါင်းယမ်းကာ သူ့မျက်နှာပေါ်တွင် နားလည်လွယ်သော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။ ဒါပေါ့ ယဲဖန်သည် ကြက်ပေါင်ကို ကိုက်နေရင်း မပြုံးလိုက်လျှင် သူ့မှာ အမှန်တကယ် ဆရာသခင်၏တည်ငြိမ်ခြင်းမျိုး ရှိနိုင်ပေသည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...