အခန်း (၁၄၄)

859 157 1
                                    

Unicode

ပိုင်ယွင်ရှီတို့ သရဲ​ခြောက်တဲ့အိမ်ကို သွားမယ်ဆိုတာကို ကြား​တော့ ဂျော့ရှ် နှင့် ချန်ယန်းတို့လည်း ချက်ချင်းကို ​နောက်က လိုက်သွားခဲ့​ပေသည်။

"သခင်​လေးချန် မင်းမှာ အဲ့ဒီအိမ်​ဟောင်းကြီးအ​ကြောင်း တစ်ခုခု သိတာများ ရှိလား" ပိုင်ယွင်ရှီက ​မေးလိုက်၏။

ချန်ယန်းဟာ ဟွိုက်ရွာထဲက သဘာဝလွန်အရာများကို ​လေ့လာခဲ့တာ​ကြောင့် "အဲ့ဒီအိမ်မှာ ​နေထိုင်ကြတဲ့ လူအများစုက သူတို့​ခေါင်းဖြတ်​တောက်ခံရပြီး ​သေကြတာလို့ ​ပြောတယ်၊ သူတို့ထဲက တ​ယောက်က ကားမ​တော်တဆမှု ဖြစ်ပြီး ​ခေါင်းပြတ်သေသွားခဲ့တယ်၊ ​နောက်တစ်​ယောက်ကျတော့ စက်ရုံထဲ ​ပြေးဝင်ပြီး သူ့​ခေါင်းသူ လွှာနဲ့ဖြတ်ပစ်လိုက်တယ်၊ သူ့​သေခြင်းက​တော့ ​ကြေကွဲစရာ​ကောင်းလွန်းတယ်"

"ရွာထဲက လူကြီးတစ်​ယောက်ဆီက ကြားတာ​တော့ က​လေးတစ်​ယောက်က အိမ်​ခေါင်မိုး​ပေါ်မှာ ​ခေါင်းမပါတဲ့ လူတစ်​ယောက် ထိုင်​နေတာကို ​တွေ့လိုက်ရတယ်တဲ့၊ ဒါက မှန်၊ မမှန်​တော့ ငါ​မသိဘူး"

မျက်လုံးများကျဥ်း​မြောင်းသွား​တော့ ပိုင်ယွင်ရှီသည် သူ့စိတ်ထဲ ​တွေး​နေမိ​လေသည် 'တစ်ချို့က​လေး​တွေက သူတို့ငယ်ရွယ်စဥ်မှာဆို တစ္ဆေသရဲ​တွေကို ​တွေ့မြင်နိုင်​ပေမဲ့ သူတို့ ကြီးလာသည့်အခါကျရင်​တော့ ထိုစွမ်းရည်ကို ဆုံးရှုံးသွားကြ​ပေလိမ့်မယ်'

ထိုအိမ်​ရှေ့ကို ​လျှောက်လာ​တော့ သူသည် ​ခေါင်းမပါသည့် သရဲတစ်​ကောင်အား တကယ်​တွေ့ခဲ့ရ​​ပေသည်။ အဲ့ဒီသရဲက ချင်မင်းဆက်က ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ​​ခေါင်မိုး​ပေါ် ထိုင်​နေရာ အနည်းငယ်စိတ်ရှုပ်​ထွေး​နေသည့်ပုံ​လည်း ပေါ်​နေခဲ့​ပေသည်။

"ဒီအိမ်ရဲ့ မူလဇာစ်မြစ်ကို သိလား" ပိုင်ယွင်ရှီသည်  ချန်ယန်းကို ​မေးလိုက်၏။

ချန်ယန်းက ​ခေါင်းခါလိုက်ပြီး "ငါ သိပ်​တော့ မသိဘူး၊ ရွာထဲက လူကြီး​တွေ​တော့ သိလိမ့်မယ်"

ယဲဖန်က ​ခေါင်းယမ်းလိုက်ပြီး "အ​နှောင့်အယှက် မ​​ပေးနဲ့အုံး"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားHikayelerin yaşadığı yer. Şimdi keşfedin