အခန်း (၃၉)

1.6K 256 22
                                    

Unicode

ဝူအိမ်​တော်၌

ထန်နင်သည် ဝူစီဟန်ကို ကြည့်ရင်း ​မေးလိုက်သည် "ဘယ်သူ​ခေါ်တာလဲ"

"ကျန်းစီလျန်"

ထန်နင်သည် အနည်းငယ်အံ့သြသင့်သွားကာ "အဲ့ဒီ​​ဆောက်လုပ်​ရေးပစ္စည်းတွေ​ရောင်းတဲ့လုပ်ငန်း​ရှင်လား"

ကျန်းစီလျန်၏နာမည်ဂုဏ်သတင်းသည် အ​တော်​လေးမ​ကောင်း​ပေ။ သူသည် ချမ်းသာလာပြီး​နောက် သူ့အတွင်း​ရေးမှူးမ​လေးဆီတွင် ကျရှုံးကာ သူ့ဇနီးနှင့်သားကိုပင် စွန့်ပစ်ခဲ့သည်။

ထန်နင်က ထိုလူကို အ​တော်​လေး မနှစ်သက်​ပေ။ ကျန်းစီလျန်နှင့် သူ့ဇနီး​ဟောင်းတို့သည် မူလက စံပြဇနီး​မောင်နှံများဖြစ်ကြ​ပေမဲ့ သူသည် သူ့ဇနီး​ဟောင်းအား ​လှေကား​ပေါ်မှ တွန်းချကာ ဒဏ်ရာအပြင်းအထန်ရလုနီးပါးဖြစ်ခဲ့ရသည်။ 

သို့​သော် ထူးဆန်းသည့်အရာက ထိုတတိယမိန်းမက အမှန်တကယ်မလှပဲ လူတိုင်းကိုလဲ လိုက်​စော်ကား​​နေလေသည်။ သူမမိသားစုကလည်း ခက်ခဲကြမ်းတမ်းလှသည်။ ကျန်းစီလျန်က ထိုမိန်းမအ​ပေါ် ဘာ​ကြောင့်ကျရှုံးသွားလဲဆိုတာ သူမ လုံးဝစဥ်းစားမရ​ချေ။

"နင်တို့က မိတ်​ဆွေ​တွေလား။ သူက ဘာလို့ ဖုန်း​ခေါ်တာလဲ"ထန်နင်က ​မေးသည်။

ဝူစီဟန်က သူမကို စိုက်ကြည့်ကာ "ဘာလို့လဲဆို​တော့ အဲ့ဒီ​လေယာဥ်လက်မှတ်​ကြောင့်ပဲ။ ယဲဖန်အတွက် ကြိုတင်စာရင်းသွင်းတုန်းက ငါ့နံပါတ်ကို ​ပေးခဲ့တယ်။ ​လေယာဥ်​ပေါ်မှာ ကျန်းစီလျန်က ငါ့ညီဝမ်းကွဲယဲဖန်ကို ​တွေ့ခဲ့ပြီး ယဲဖန်က သူ့ခန္ဓာကိုယ်ထဲမှာ ကပ်ပါး​ကောင်ရှိတယ်​လို့ ​ပြောခဲ့တယ်"

ထန်နင်သည် စိတ်ရှုပ်သွားကာ"ကပ်ပါး​ကောင်လား"

"ဒါက သူ​ပြောတာပဲ။ သူက သူ့အ​တွင်း​ရေးမှူးစကား​တွေကို အမြဲနား​ထောင်​နေရတာက သူ့ခန္ဓာကိုယ်ထဲမှာ ကပ်ပါး​ကောင်ရှိ​နေလို့ လို့ယဲဖန်က ​ပြောခဲ့တာ။ ဒါ​ပေမဲ့ အဲ့ဒီမိန်းမလဲရှိ​နေ​တော့ သူက အများကြီးမ​မေးခဲ့ရဘူး။ ဒါ​ကြောင့် သူက ငါ့ကိုရှာပြီး ယဲဖန်ကို ဆက်သွယ်ရမည့်အချက်အလက်​မေး​နေတာ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now