အခန်း (၅၉)

1.3K 229 4
                                    

Unicode

ကျန်းရွမ်သည် ယဲဖန်အား စိတ်ရှုပ်​ထွေးစွာ ကြည့်ရင်း "သခင်​လေးယဲ ဘာလို့ သူမကို လှည့်စားလိုက်ရတာလဲ"

ဒီ​ကောင်​က မိန်းမလှ​​လေးရဲ့ အကူအညီတောင်းဆိုမှုကို​တောင် မျက်နှာ မပျက်ဘဲ ငြင်းပယ်ခဲ့သည်။

ယဲဖန်သည် သူ့အား စိုက်ကြည့်ကာ "ဒီလိုကိစ္စ​သေး​သေး​လေးလုပ်ဖို့ကို ငါ့လိုအ​ကောင်ကြီး​ လိုအပ်လို့လား။ ဒီအတိုင်း ကြုံရာ နတ်ဆရာကို သွားရှာလိုက်​လေ။ ​နောက်ပြီး ငါ့ကို ကြည့်စမ်း။ ငါ့မျက်နှာ​ပေါ်မှာ ငါက ကြင်နာပြီး ​ကိုယ်ကျိုးမငဲ့ပဲ ​ကောင်းမှု​တွေလုပ်ရတာ ကြိုက်တယ်လို့ ​ရေးထားတာလား "

ကျန်းရွမ်က ​ခေါင်းခါရင်း "မ​ရေးထားဘူး"

"ဒါက အမှန်ပဲ။ ဘာလို့လဲဆို​တော့ ငါက ဒီလိုမျိုး​တွေ မကြိုက်ဘူး" ယဲဖန်သည့် ဂုဏ်ယူ​နေသည့်ပုံဖြင့် ​ပြောလာခဲ့သည်။

ကျန်းရွမ် "....." ဘဝင်​ကိုင်​နေတဲ့လူတစ်​ယောက်က ကျိုး​ကြောင်းဆီ​​လျော်မှုကျကျ ​ပြောနိုင်တာ ယဲဖန်တစ်​ယောက်ပဲ ရှိမှာကွ။

"အကျိုးအမြတ်မရှိဘဲ ငါမလုပ်ဘူး။ ငါ့မိန်းမကို လက်ထပ်နိုင်ဖို့ ပိုက်ဆံရှာ​နေရတုန်းပဲ။ ငါ့အချိန်​တွေက အဖိုးတန်တယ်ဆိုတာ မင်းသိပါတယ်" ယဲဖန်က ဆို၏။

ကျန်းစီလျန် "....."

ဝမ်ကျင်းရှစ် "....."

"ဒါနဲ့ ကျန်းရွမ် မင်းက​ရော ငါ့ကို ရှာ​နေတယ်လို့ ဘာလို့ ​ပြောခဲ့တာလဲ။ အိပ်​နေတဲ့လူကို ​နှောင့်ယှက်တာက လူသားမဆန်ဘူးဆိုတာ မင်းမသိဘူးလား။ မင်းက ငါနိုးလာမှ ​ပြောလို့မရဘူးလား" ယဲဖန်က ညည်းညူလိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ့အမှားပါ" ယဲဖန် ​သောက်ရူး​ကောင်၊ ငါလာတာပဲ ကိုးနာရီထိုးခါနီး​နေပြီ။ မင်းကသာ အိပ်​ပျော်​နေတာ​လေ။ အခု​တော့ သူက အဲ့အ​ကြောင်းကို ညည်းညူပြ​နေ​တယ်။ ဒီဝက်က​တော့။

"မင်းက ငါ့ဆီက ဘာလိုချင်တာလဲ" ယဲဖန်က ​မေးလိုက်သည်။

ကျန်းရွမ်က ကျန်းစီလျန်အား တစ်ချက်ကြည့်လိုက်ပြီးနောက် "​နောက်မှ ဒီအ​ကြောင်း​ပြောကြရ​အောင်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now