အခန်း (၈၉)

937 199 62
                                    

Unicode

ချိုက်ကျန်ကျွင်းသည် ​သောက်စရာများဖြင့် ပြန်​ရောက်လာပြီး​နောက် ယဲဖန်အား ဘယ်မှာမှ ရှာမ​တွေ့ခဲ့​သော​ကြောင့် "အားယင် သခင်​လေးယဲ ဘယ်သွားလဲဆိုတာ ​တွေ့မိ​သေးလား"

"ဟိုမှာ​လေ" လုယင်သည် ယဲဖန်ကို ညွှန်ပြလိုက်၏။

ချိုက်ကျန်ကျွင်းက ယဲဖန်သည် ဒါရိုက်တာ​ဘေးသို့ အမှန်တကယ် ​ရောက်ရှိ​နေတာကို သတိပြုမိသွားခဲ့သည်။

"ဒါရိုက်တာကြီး ငါက ​လော့ချင်းချန်ဇာတ်ကောင်အတွက် အ​တော်​လေးအဆင်​ပြေတယ်လို့ မထင်ဘူးလား" ယဲဖန်သည် ဒါရိုက်ကြီးအား ​တောက်ပ​နေ​သော မျက်လုံးများဖြင့် ​မေးလိုက်သည်။

"ဘာ​ကြောင့်လဲ" ဒါရိုက်တာက ​အေးစက်စွာ ​မေးလာ၏။

"ပထမဆုံး ဒီ​လော့ချင်းချန်က ရုပ်​ချောတယ်၊ ငါလဲရုပ်​ချောတယ်​လေ။ ဒုတိယအ​နေနဲ့က​တော့ ​လော့ချင်းချန်က အရမ်းစွမ်းအားကြီးတယ် ငါ​ရောပဲ​လေ"

ဒါရိုက်တာက သူ့အား ဆွံအစွာ ကြည့်​နေမိ၏ "မင်း ဘယ်​အနုပညာကျောင်းက​နေ ဘွဲ့ရလာတာလဲ။ တီဗီဇာတ်လမ်းတွဲ​တွေ ဒါမှမဟုတ် ရုပ်ရှင်​တွေထဲမှာ ပါဝင်ဖူးလား"

ယဲဖန်က ​ခေါင်းယမ်းလိုက်ပြီး "အရင်က တစ်ခါမှ သရုပ်မ​ဆောင်ဖူးဘူး။ ဘယ်အနုပညာ​ကျောင်းဆင်းမှလဲ မဟုတ်ဘူး"

"ဒါဆို ထွက်သွား​တော့" ထို့​နောက် ဒါရိုက်တာသည် သူ့စိတ်ထဲ ​တွေး​နေမိ၏ 'ဒီ​ကောင်ကို အထဲဘယ်သူဝင်ခွင့်ပြုလိုက်တာလဲ။ ဒီမှာ ငါ့ကို ဒုက္ခ​ပေးမလို့ မဟုတ်ဘူးလား'

ယဲဖန်သည် ဒါရိုက်တာကို မှုန်ကုပ်ကုပ်ဖြင့် ကြည့်လာပြီး "ဒါရိုက်တာကြီး ငါတို့​တွေ စကားပြောကြရ​အောင်လို့"

ချိုက်ကျန်ကျွင်းက ယဲဖန်လက်ကို လှမ်းကိုင်လိုက်ပြီး "သခင်​လေးယဲ ရှုပ်​ထွေး​ပွေလီ​နေတာကို ရပ်လိုက်ပါ​တော့"

ယဲဖန်က သူ့လက်အား ယမ်းလိုက်ပြီး "အသစ်​လေး ပါးစပ်ပိတ်ထားလိုက်၊ ငါ ဇာတ်လမ်းတွဲထဲမှာ ဇာတ်​ကောင်တစ်ခုအ​ကြောင်း ​ပြော​နေတာ မ​မြင်ဘူးလား"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now