အခန်း (၆၂)

1.1K 217 16
                                    

Unicode

ယဲဖန်သည် စာရွက်အလွတ်တစ်အုပ်နှင့် ​​ဖောင်တိန်တစ်​ချောင်းအား ထုတ်လာကာ အ​ဆောင်များ​ရေးဆွဲရန် အဆင်သင့် ဖြစ်​နေ​​လေပြီ။ 

"ယဲဖန် မင်း ဘာ​တွေလုပ်​နေတာလဲ" ပါမောက္ခရှစ်က စပ်စုစွာ ​မေးလိုက်၏။

"ကျွန်​တော်လား။ အ​ဆောင်ဆွဲမလို့​လေ"

"မင်းကိုယ်တိုင် သုံးဖို့အတွက်လား"

ယဲဖန်က ​ခေါင်းခါကာ "မဟုတ်ဘူး။ ဒါက ​ရောင်းဖို့။ ကျွန်​တော့်အနာဂတ်မိန်းမက ပိုက်ဆံကြိုက်တယ်​လေ။ ဒါ​ကြောင့် အဲ့ဒါ​တွေနဲ့ ပိုက်ဆံရှာမလို့​"

"အိုး ငါသိပြီ။ ယဲဖန် မင်းက တကယ့်ကို လုံ့လဝီရိယရှိတာပဲ။ မင်းလို စိတ်အားထက်သန်တာ လူငယ်တစ်ချို့​လောက်ပဲ ရှိ​တော့မယ်။ ဒါနဲ့ မင်းအ​ဆောင်​ကော ဝယ်တဲ့လူရှိလို့လား" ပါမောက္ခရှစ်က ​အံ့သြသင့်သွားသည်။

"ရှိတာ​ပေါ့" ယဲဖန်ဟာ ယုံကြည်ချက်အပြည့်ဖြင့် ​ပြောလိုက်သည်။

"ဘယ်သူ​တွေ ဝယ်တာတုန်း"

"အဲ့ဒီနတ်ဆရာ​တွေ​လေ"

ပါမောက္ခရှစ် "....."

ယဲဖန်ဆီမှ လုံ​လောက်​သောအချက်အလက်များ ရသွားပြီး​နောက် ရှစ်​ဝေးဟာ ​ရှောက်ချီဆီ သွားခဲ့သည်။

"ပါမောက္ခ​ရှောက် ဒါက မင်းအပြစ်​တွေပဲ။ ယဲဖန်ကို ကြည့်စမ်း၊ ဘယ်​လောက်​တောင် လိမ္မာလိုက်တဲ့ က​လေးလဲ။ သူက နတ်ဆရာ​တွေနဲ့ဆက်သွယ်ရ​လောက်​အောင် မင်းက ဘယ်လိုတောင် ဖိအား​ပေးခဲ့ရတာလဲ။ သူ့အတွက် ပိုက်ဆံရှာဖို့က မလွယ်ကူဘူး။ ဒီလိုညစ်ပတ်တဲ့နည်းလမ်း​တွေ​တောင် အသုံးချ​နေရတယ်။ ပိုင်ယွင်ရှီက မချမ်းသာဘူးလား။ သူ့တစ်ခြားဘက်ခြမ်းဆီက​နေ ဘာ​တွေကိုများ ​မျှော်​လင့်​နေကြရတာလဲ" ပါမောက္ခရှစ်က ညည်းညူလိုက်သည်။

​ရှောက်ချီက သူ့​ခေါင်းအား ​​​မြှောက်လိုက်ပြီး ရှစ်​ဝေးကို ကြည့်လိုက်သည်။ သူ့စိတ်ထဲတွင်​ ​တွေး​နေမိ​လေသည် 'အရူး၊ မင်းက ဘာသိလို့တုန်း။ သူ့ပါးစပ်က ​ပြော​နေတဲ့ နတ်ဆရာ​တွေဆိုတာ နဂါးကျားတောင်က လူ​တွေကွ။ သူ့အ​ဆောင်​တွေဆိုတာလဲ တစ်ခုချင်းစီကို ယွမ်တစ်သန်း​တောင်ရှိတာ။ မင်းရဲ့ ရင်နှင့်စဖွယ်လစာ​လေးနဲ့ဆို အဲ့ဒါရဲ့ ​ထောင့်စွန်းတစ်ခု​စာလောက်ပဲ တတ်နိုင်တယ်ကွ။ဒါနဲ့ အဲ့ဒီလို ယုံကြည်စရာတစ်ကွက်မှမရှိတဲ့ ယဲဖန်က တကယ့်ကို တစ်ခုခု​တော့တစ်ခုခုပဲ'

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now