အခန်း (၈၆)

1.1K 240 36
                                    

Unicode

ပိုင်ယွင်ရှီ ထွက်လာ​တော့ ယဲဖန်သည် ကားတစ်စီး​ပေါ်တွင် အ​ဆောင်တစ်ချို့ကို ကပ်ထားပြီး မန္တန်တစ်ချို့အား ရေရွတ်​နေတာကို မြင်လိုက်ရသည်။ ထို့​နောက် ပိုင်ယွင်ရှီသည် ကားက ​လေ​ပေါ်တက်လာသည်ကို ​တွေ့လိုက်ရ၏။

"ရပ်လိုက်" ပိုင်ယွင်ရှီက လှမ်း​အော်လိုက်သည်​။

ယဲဖန်သည် ထိတ်လန့်သွားခဲ့သည်။ သူသည် မန္တန်ရွတ်ဆို​နေရင်း လမ်းတစ်ဝက်မှာ ရုတ်တရက် ရပ်တန့်ခံလိုက်ရတာ​ကြောင့် ကားက ​မြေပြင်က​နေ တစ်စင်တီမီတာ​လောက်သာ မြှင့်တက်လာပြီး ပြုတ်ကျသွားခဲ့၏။

"မင်းဘာ​တွေလုပ်​နေတာလဲ" ပိုင်ယွင်ရှီသည် ​ပြေးသွားလိုက်သည်။

"ငါ့ကားအတွက် ပါကင်​နေရာမရှိ​တော့ဘူး​လေ။ ဒါ​ကြောင့် ငါ့ကားကို ​​​​​လေထဲ ပေါ​လောထားထားပြီး အဲ့ဒီမှာ ပါကင်ထိုးထားမလို့​လေ"

ပိုင်ယွင်ရှီ "....." မင်းကားကို ​ပေါ​လောထားထားမယ်ဟုတ်လား။ ဒီလို ခမ်းနားကြီးကျယ်လှတဲ့​နေ့မျိုးမှာ​ကိုလေ။

"လူ​တွေအများကြီးက ဝင်လိုက် ထွက်လိုက်လုပ်​နေတာ​လေ။ ဓါတ်ပုံရိုက်သွားမှာ မ​ကြောက်ဘူးလား" ပိုင်ယွင်ရှီက ​မေးလိုက်သည်။

ယဲဖန်က မျက်​တောင်ခတ်ကာ စိတ်ရှုပ်ထွေးစွာဖြင့် ​မေးလိုက်သည် "သူတို့ဓါတ်ပုံရိုက်သွားခဲ့​တော့​ကော ဘာဖြစ်လဲ"

ပိုင်ယွင်ရှီ "..... ဘာပဲဖြစ်ဖြစ် ဒီမှာ အဲ့ဒီပညာ​ရပ်တွေ အသုံးမပြုနဲ့။ ငါ့ကို ကား​သော့​ပေး မင်းအတွက် ငါ ကားပါကင်ထိုး​ပေးမယ်"

ယဲဖန်က ​ခေါင်းငြိမ့်ပြီး စိတ်လှုပ်ရှားစွာဖြင့် "​ကောင်းပြီ​လေ၊ ငါ့ကားကို ကြည့်လိုက်စမ်း၊ မင်းကားနဲ့ ဆင်တူတယ်မလား။ မင်း​ကြောင့်မို့ ငါ ဒါကိုဝယ်ခဲ့လိုက်တာ"

ပိုင်ယွင်ရှီက မျက်လုံးလှိမ့်လိုက်ပြီး "သူတို့က ဘယ်​နေရာမှာ တူ​နေလို့တုန်း" ဒီ​ကောင်က တကယ့်ကို ​​လျော့​စျေးတွေပဲ သ​ဘောကျ​နေတာ။ သရဲ​ခြောက်တဲ့အိမ်ကိုဝယ်တယ်၊ ပြီး​တော့ အခုကျ​တော့ သူ့ Bentleyနဲ့ ပုံသဏ္ဌာန်အရ တူတဲ့ Mini တစ်စီးကို ဝယ်ခဲ့ပြန်ပြီလား။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now