အခန်း (၅၈)

1.6K 291 55
                                    

Unicode

သူတို့နှစ်​ယောက်အား တစ်ချက်ကြည့်လိုက်ပြီး​​နောက် ကျန်းရွမ်က "မင်းတို့​တွေ ဒီမှာယဲဖန်အတွက် လာတာလား"

"မစ္စတာဝမ်က သူ့ဆီက​နေ အထူး​တောင်းဆိုစရာ​လေး ရှိလို့ လာခဲ့တာပါ" ကျန်းစီလျန်က ဆိုလာခဲ့သည်။

ကျန်းရွမ်က မျက်​တောက်ခတ်ကာ "အိုး၊ ဘာကိစ္စလဲ။ ဘာပဲဖြစ်ဖြစ် ဒီ​ကောင်လဲ အိပ်​နေတုန်း​လေ၊ ငါတို့လဲ လုပ်စရာမရှိ​တော့ ဘာလို့ အဲ့ဒီအကြောင်း​ကို မ​ပြောပြရတာလဲ"

ကျန်းရွမ် စိတ်ဝင်စား​နေသည်ကို မြင်​တော့ ဝမ်ကျင်းရှစ်သည် အဖြစ်အပျက်တစ်ခုလုံးကို အကျဥ်းချုပ်​ပြောပြလိုက်သည်။

နဂါးကျား​တောင်က ​ကျော်ကြား​လေသည်။ ဒီအရာ​တွေ ဖြစ်ပွား​တော့ ဝမ်ကျင်းရှစ်သည် နဂါးကျား​တောင်မှ လူကို ရှာရန် စီစဥ်ခဲ့​သေးသည်။ သနားစရာ​ကောင်းစွာပင် သူသည် ထို​နေရာကတစ်​ယောက်ကိုမှ မသိ​သော​ကြောင့် လူလိမ်တစ်​ယောက်၏အရူးလုပ်ခြင်းကို ခံလိုက်ရ​လေသည်။

"ကားဘရိတ်​ချို့ယွင်းခြင်း၊ မကြာခဏမ​တော်တဆမှု​​တွေ၊ အ​ဆောက်အဦး​ပေါ်က ခုန်ချခြင်း​တွေ မင်းမလုပ်သင့်တဲ့အရာကို လုပ်မိလိုက်တဲ့ပုံ​ပဲ။ ဒါ​တွေအားလုံးက တစ္ဆေချီဓါတ်​တွေ​ကြောင့်​လေ၊ ယဲဖန်က ဘာ​ပြောလဲ"

"ဆရာသခင်ယဲက ဒါ​တွေအားလုံးက ကံကိုက်ညီမှု​ချေးငှားခြင်းအစီအရင်ကြောင့်တဲ့" ဝမ်ကျင်းရှစ်က စိတ်မသက်မသာဖြစ်သွားသည်။ အ​ယောက်​ဆောင်​​တောက်ဆရာကျန်းသာ မရှိခဲ့လျှင် ယဲဖန်က ချိန်း​တွေ့ဖို့ အမြန်ထွက်သွားလိမ့်မည် မဟုတ်​ပေ၊ ယဲဖန်က သွားချိန်း​တွေ့ခဲ့မယ်ဆိုလျှင်​တောင် ထိုအ​ကြောင်းကို တစ်ခုခု​တော့ ​ပြောခဲ့​ပေလိမ့်မည်။

"ဒီအစီအရင်အ​ကြောင်း ကြားဖူးလား" ကျန်းစီလျန်က ​မေးခဲ့၏။

ကျန်းရွမ်က ​ခေါင်းငြိမ့်ကာ "အွန်း ဒါက တစ်ခြားအမြွှာဆီက​နေ ကံ​ကောင်းခြင်း​တွေကို ​ချေးငှားခြင်းမှာ အသုံးပြုတာ။ ဒါက မ​ကောင်းဆိုးဝါးအစီအရင်ပဲ။ ကံကို​ချေးငှားယူထားရတဲ့ အမြွှာက သူတို့မိသားစုတစ်ခုလုံးကို သတ်လိုက်လိမ့်မယ်။ ပြီးရင် အဲ့အမြွှာလဲ ​သေဆုံးသွားလိမ့်မယ်။ အချိန်တစ်ခု​လောက်​အထိတော့ အဆင်​ပြေ​နိုင်ပေမဲ့ ​နောက်ဆုံးမှာ​တော့ ကံကြမ္မာတုံ့ပြန်မှုက​နေ မလွတ်​မြောက်နိုင်ပါဘူး။ ကံကြမ္မာကိုက်ညီမှု​​ချေးငှားခြင်းက အနှစ်၃၀ပဲခံတာ။ အနှစ်၃၀​နောက်ပိုင်းမှာဆို မ​ကောင်းမှုအတွက် ကလဲ့စား​ချေတုံ့ပြန်ခြင်း ခံရလိမ့်မယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now