အခန်း (၅၀)

1.3K 217 10
                                    

Unicode

ထို့​နောက် ယဲဖန်သည် ​ဆေးရုံခန်းထဲသို့ ပိုင်ယွင်ရှီ​နောက်မှလိုက်သွားခဲ့​လေသည်။ ယဲဖန်ကို မြင်​တော့ ပိုင်မိုမိုက ​ပျော်ရွှင်သွား​လေသည် "ဦးဦး, ဦးဦးရဲ့ ​ကျောက်စိမ်းဆွဲသီးအတွက် ​ကျေးဇူးတင်ပါတယ်​နော်။ အဲ့ဒါက သမီးရဲ့အသက်ကို ကယ်​တင်​ပေးခဲ့တာ"

ကျန်းရွမ်က ယဲဖန်အား သံသယဖြင့် ကြည့်လိုက်​လေသည် "မင်းက ​ကျောက်စိမ်းဆွဲသီးကို လုပ်တတ်တယ်​လား"

ယဲဖန်က ​ခေါင်းငြိမ့်ကာ "သေချာတာ​ပေါ့"

ကျန်းရွမ်မျက်လုံးထဲတွင် အနည်းငယ်ထူးဆန်းမှုများ ​ပေါ်လာ​လေသည်။ နဂါးကျား​တောင်တွင် ​မှော်လက်နက်များသန့်စင်နည်းကို သိတဲ့ဆရာသခင်အနည်းငယ်သာရှိ​ပေမဲ့ ထိုသူတို့က သူတို့၏ဆရာဘိုး​ဘေးများပင် ဖြစ်​သည်။ ယဲဖန်က ပိုင်မိုမိုအတွက် ​ကျောက်စိမ်းဆွဲသီးလုပ်​ပေးထားတဲ့တစ်​ယောက်မှန်း တကယ်ကို မထင်ထားခဲ့​ပေ။

ကျန်းရွမ် ပထမဆုံး​ရောက်လာတုန်းက ထို​ကျောက်စိမ်းဆွဲသီးကို မြင်​တော့ စိတ်ရှုပ်​ထွေးသွားခဲ့​သေးသည်။ ပိုင်မိုမိုလည်ပင်းရှိ​ကျောက်စိမ်းဆွဲသီးက အရည်အ​သွေးညံ့ဖျင်း​နေ​ပေမဲ့ ထိုအထဲ၌ ဝိညာဥ်​ရေးအလင်းတန်းများရှိ​နေပြီး လုံးဝသာမန်တစ်ခုမဖြစ်နိုင်​ပေ။

ထိုအချိန်တုန်းက ကျန်းရွမ်သည် ဆီ​တွေစွန်း​နေ​သောစက္ကူ​ပေါ်၌ နာမည်ကြီးပန်းချီဆရာတစ်ဦး၏ ပန်းချီကားအား ​တွေ့လိုက်ရသလို ခံစားမိ​လေသည်။ ၎င်းက ယင်​ကောင်အား စားမိသလို ခံစားချက်မျိုးပင် ဖြစ်သည်။ 

သူက ယဲဖန်ကို ထူးဆန်းစွာ ကြည့်ရင်း ​မေးလာ​လေ၏ "မင်းက ​မှော်လက်နက်​တွေကို သန့်စင်နိုင်တာလား"

ယဲဖန်က ​ခေါင်းငြိမ့်ကာ "ဟုတ်တယ်။ ဒီလိုမျိုး ​ကျောက်စိမ်းဆွဲသီး​တွေကို ပြုလုပ်ရတာက မခက်ခဲပါဘူး"

ကျန်းရွမ်၏နှုတ်ခမ်း​ထောင့်များ တွန့်သွား​လေသည်။ ယဲဖန်က တကယ်ကိုတစ်ခုခုမှန်း ခံစားရ​ပေမဲ့ အဲ့ဒါက ဘာမှန်း မ​ပြောတတ်​ပေ။ အဲ့ဒါကို ပြုလုပ်ရတာက လွယ်သည်ဖြစ်​စေ၊ ခက်သည်ဖြစ်​စေ တစ်ဖက်လူက သူ့ထက် ပိုစွမ်း​ဆောင်နိုင်​လေသည်။ ထိုအရာက ကျန်းရွမ်အား အနည်းငယ် ဝမ်းနည်းသွား​စေ၏။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now