အခန်း (၃)

2K 262 6
                                    

Unicode

ယဲဖန်သည် ​ရှေး​ဟောင်းပစ္စည်းဆိုင်တစ်ခုသို့ သွားကာ ယွမ်နှစ်​ထောင်​တန်​မှော်စုတ်တံ၊ ယွမ်တစ်ရာ​တန် ​မှော်စာရွက် တစ်ရာ၊ မှင်ခံ၊ ​မှော်အိတ်၊ ပြဒါးရည် နှင့် အခြား ပစ္စည်းများတို့ကို ဝယ်ယူခဲ့ရာ အားလုံး​ပေါင်း ယွမ်နှစ်​သောင်း​ ကုန်ကျ သွားလေသည်။ ​​မှော်မန္တန်အတွက်ပစ္စည်းများအား ဝယ်ယူပြီး​နောက် မ​နေ့ကလို ရေချိုးရန်အတွက် ​ဆေးဖက်ဝင်အပင်များထပ်မံဝယ်ယူရန် သွားခဲ့သည်။ ထို​ဆေးပင်များ၏အာနိသင်များကိုစုပ်ယူရန် ကြိုးစားစဥ် ယဲဖန်သည် လုံးဝစိတ်မပူပေ။ 

ဤကမ္ဘာရှိ ချီစွမ်းအင်သည် အလွန်အားနည်းပြီး သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသည်လည်း မ​ကောင်း​မွန်ပေ။ တရားထိုင်ခြင်းဖြင့် ကျင့်ကြံအားထုတ်လျှင် အသက်ရှစ်ဆယ်တိုင်​အောင် ချီစွမ်းအင်ကျင့်ကြံခြင်း၏ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်အထိသာ ကျင့်ကြံနိုင်ပေလိမ့်မည်။ ထို့​ကြောင့် ဝိညာဥ်​​ဆေးပင်များ လိုအပ်​သည့်အတွက် ငွေများများရှာရန် စီစဥ်ရမည် ဖြစ်သည်။

ယဲဖန်သည် စုတ်တံကို ​ကောက်ကိုင်ကာ ​မှော်မန္တန်အ​ဆောင်အနည်းငယ်ကို ​ရေးဆွဲလိုက်သည်။ သူ့ယခင်ဘဝက ဒီလို ခက်ခဲသည့်မန္တန်အ​ဆောင်များ​​ရေးဆွဲခြင်းသည် သူ့အတွက် ပြဿနာမရှိ​ပေ။ သို့​သော်လည်း မန္တန်များ​ရေးဆွဲရန် စိတ်စွမ်းအင် လိုအပ်​သည်။ ယခု ယဲဖန်​ရေးဆွဲလိုက်သည့် မန္တန်များသည် ​ကောင်းမွန်​သော်လည်း အသုံးမဝင်​ပေ။ နှစ်ရက်လုံးလုံး ကြိုးစားပြီး​နောက်​ ​နောက်ဆုံးတွင် ယဲဖန်သည်​ ခြောက်ခု ပြီးသွား​လေသည်။ သူ့ရဲ့ ကျင့်ကြံခြင်းက အလွန်နိမ့်​သော​ကြောင့် တစ်ကြိမ်​ရေးဆွဲပြီးတိုင်း သူ့ရဲ့ စိတ်စွမ်းအင်အားလုံး ကုန်ဆုံးသွား​လေသည်။ သူ့​ရှေ့ရှိမန္တန်များကိုကြည့်၍ လှပ​သော အနာဂတ်သည် သူ့အား လက်​​ဝှေ့ယမ်းပြ​နေသလို ခံစားရသည်။

ဟုန်ရှင်းအ​ဆောက်အအုံရဲ့​တံတားအောက်တွင် ​ဗေဒင်ဆရာများ အမြဲ​နေထိုင်ကြသည်။ ယ​နေ့တွင် ထိုတံတား​အောက်၌ ​ပေါ့​ပေါ့ပါးပါးဝတ်စားထား​သော လူငယ်တစ်ဦးရှိ​လေ၏။ သူ့ဆိုင်ခန်း​ဘေး၌ သစ်သီးသကြားလုံးတုတ်ထိုးများလည်း ရှိပေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now