အခန်း (၅၂)

1.3K 222 20
                                    

Unicode

အပြန်လမ်းတွင် ကျန်းရွမ်က ယဲဖန်အား ​ချောင်းမကြည့်ပဲ မ​နေနိုင်​ခဲ့ပေ။

ယဲဖန်က မျက်​မှောင်ကြုတ်ကာ "ငါ့ကို ဘာလို့​ချောင်းကြည့်​နေရတာလဲ။ ငါ့မှာ ကြိုက်​နေတဲ့လူ ရှိပြီးသား။ မင်းအ​ပေါ်​တော့ မ​ကြွေဘူး​နော်"

ကျန်းရွမ်က နှုတ်ခမ်း​ထောင့်တွန့်သွားကာ "မင်း​အတွေး​လွန်​နေတာကွ။ ငါက ရင်သားကြီးကြီး၊ တင်ကြီးကြီး​တွေပဲ သ​ဘောကျတာ။ မင်းကို ဘယ်​တော့မှ သ​ဘောမကျဘူး"

ယဲဖန်က ​ခေါင်းခါရင်း "မင်းအကြိုက်ကလဲ အရမ်းသိက္ခာမရှိလိုက်တာ"

ကျန်းရွမ် "....." မင်းလိုမျိုး ​ယောက်ျားကြိုက်​နေသည့်လူကသာ ​​အောက်တန်းကျတာ မဟုတ်ဘူးလား။

"မင်းရဲ့တစ္ဆေဝိညာဥ်အလံက ဘယ်က ရလာတာလဲ" ကျန်းရွမ်းက ​မေးသည်။

ယဲဖန်က သူ့အား မထီမဲ့မြင်ပြုလျက် တစ်ချက်ကြည့်လာပြီး "ဒါက ငါ့ရဲ့လျှိုဝှက်ချက်​လေ။ မင်းကို ဘာလို့ ​ပြောပြရမှာလဲ။ မင်းကလဲ ငါ့အကြိုက်မဟုတ်ဘူး​နော်"

ကျန်းရွမ်က နှုတ်ခမ်းဆူလာပြီး "ဟမ့် အရမ်းသဘောထား​သေးသိမ်လိုက်တာ"

သူတို့​တွေ တက္ကစီ​ပေါ်မှ ဆင်းလိုက်သည်ကို ​တွေ့မှ ကျန်းဝန်​​ထောက်သည် သက်ပြင်းမှုတ်ထုတ်နိုင်ခဲ့သည်။

ပိုင်မိုမို၏မ​တော်တဆမှုဖြစ်ပြီး​နောက် ကျန်းဝန်​ထောက်နှင့် ကျန်းရွမ်တို့သည် ပိုင်မိုမိုအား တစ်လှည့်စီ ကြည့်ရှုခဲ့ကြ​လေသည်။ ကျန်းဝန်​ထောက် ​ရောက်လာ​တော့ ကျန်းရွမ်က ထို​နေရာတွင် မရှိ​ခဲ့ပေ။ ပိုင်မိုမိုအား ​မေးမြန်းကြည့်ပြီး​နောက် ကျန်းရွမ်က ယဲဖန်နှင့် သရဲများကို အမဲလိုက်ရန် ထွက်သွားခဲ့​ကြောင်း သိခဲ့ရ​လေသည်။ ထိုအ​ကြောင်းကို သိလိုက်ရ​တော့ ကျန်းဝန်​ထောက်က ​စိတ်ရှုပ်​ထွေးလုနီးပါး ဖြစ်ခဲ့ရ၏။ ​နောက်ဆုံးအကြိမ်တုန်းက ကျန်းရွမ်က ယဲဖန်ဆီမှ ရှုံးနိမ့်ခဲ့ပြီး​နောက် သူက အမြဲတမ်း ​ပြန်လည်တိုက်ခိုက်ဖို့ကိုသာ ​စောင့်​နေခဲ့သည်။ သူတို့​နှစ်​ယောက် ရန်ဖြစ်မှာကိုပဲ ​ကြောက်လှန့်​နေခဲ့​ရ​လေသည်။ 

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now