2.မုန်းခန့်​ထည်​ရဲ့ ကမ္ဘာ(Zawgyi/Unicode)

22.1K 1K 0
                                    

"ငယ်​​လေး ရေ ပစ္စည်း​တွေစုံပြီလားကြည့်​လိုက်​ပါဦး"

"ဟုတ်​ ​မေ​ သား စစ်​ ပြီးပြီ ပစ္စည်းစုံပါတယ်​ "

ကျွန်​​တော်​က ​တော့ မုန်းခန့်ထည်​ ပါ ။မော်​လမြိုင်​သားတစ်​​ယောက်​​ပေါ့။အခုရန်​ကုန်​ကို ​ကျောင်းပြန်​သွားတက်​ဖို့ပြင်​ဆင်​​နေကြခြင်း ပင်​။ ကျွန်​​တော်​က ​ဆေးတက္ကသိုလ်​​နောက်​ဆုံးနှစ်​တက်​​နေတာပါ။ကျွန်​​တော့်​ ဘဝက​တော့ ရိုရိုး​လေးပါပဲ ။ ​ဖေ​ဖေက စစ်​ဗိုလ်​ ​မေ​မေက အထက်​တန်းပြဆရာမ က​မွေးဖွားလာတဲ့ သား အငယ်​ ​ပေါ့ ဗျာ ။ ကျွန်​​တော့်​မှာ က အမ​တစ်​​ယောက်​ရှိတယ်​ ။ အမက လည်း ​ကျောင်းဆရာမပဲ ။ ကျွန်​​တော်​က ​မေ​မေတို့​ဖေ​ဖေတို့ ရဲ့ အဆုံးအမ​အောက်​မှာ စည်းကမ်း​သေဝပ်​ခဲ့ သည်​ကိုး။ စားလည်းကြိုးစားခဲ့ ပါရဲ့ ။ ဒါ​ကြောင့်​ဆယ်​တန်းကိုဂုဏ်​ထူး​ ​တွေနဲ့​အောင်​မြင်​ခဲ့ ပါတယ်​။ ကျွန်​​တော့်​မိဘ​တွေက ဝန်​ထမ်း​တွေဆို​တော့ ကျွန်​​တော်​က နယ်​မှာပဲ ​ကျောင်းတက်​ဖို့လုပ်​ခဲ့​ပေမဲ့ မိဘ​တွေက ဖြစ်​ထွန်း​စေချင်​လို့ ​ဆေးတက္ကလ်​အမှတ်​လည်းမှီတယ်​ဆို​တော့ ​ဆေးတက္ကသိုလ်​ တက်​ခဲ့ရတာပါ ။ကျွန်​​တော့်​ရဲ့ကမ္ဘာက​တော့ရိုးရှင်းပါတယ်

 ။မိဘစကားနား​ထောင်​တယ်​။.စာကြိုးစားတယ်​။အော်​ ဒါနဲ့ကျွန်​​တော့်​မှာ "သဲ" လို့ ​ခေါ်တဲ့ ချစ်​သူ​လေးရဲ့ရှိတယ်​ ။သူမက မုံရွာသူ​လေ ။ကျွန်​​တော်​ ​မော်​လမြိုင်​က​နေရန်​ကုန်​ ​ရောက်​ကာစ က မသွားတတ်​မလာတတ်​နဲ့ သူမက ပဲအကုန်​ကူညီခဲ့တာ​ပေါ့ ။ သဲ ကရန်​ကုန်​မှာ အ​နေကြာပြီဆို​တော့ လည်​လည်​ဝယ်​ဝယ်​ရှိတယ်​ ​လေ ။ ကျွန်​​တော်​တို့နှစ်​​ယောက်​က နယ်​က လာတာလည်းတူတယ်​၊​အောင်​မြင်​​အောင်​ကြိုးစားရမယ်​ဆိုတဲ့ရည်​ရွယ်​ချက်​ချင်းလည်းတူ​တော့ တစ်​​ယောက်​ကို တစ်​​ယောက်​သ​ဘောကျမိတာ​ပေါ့ ။ ​နောက်​သူငယ်​ချင်း​တွေကလည်း ဝိုင်းတွန်းကြတာနဲ့ ကျွန်​​တော်​လည်း ဒုတိယနှစ်​​ရောက်​​တော့ဖွင့်​​ပြောလိုက်​တာ​ပေါ့ ၊သဲကလည်း လက်​ခံခဲ့တယ်​​လေ ဒီလိုနဲ့ ကျွန်​​တော်​တို့ချစ်​သူဖြစ်​ခဲ့သည်​​ပေါ့ ၊ ဒါ​ပေမဲ့ နှစ်​​ယောက်​လုံးက အထူးကုဖြစ်​ပြီးမိဘ​တွေကိုလုပ်​​ကျွေးပြီးမှ လက်​ထပ်​ကြမယ်​လို့ ကတိထားထား​တော့ လက်​ထပ်​ဖို့က​တော့အ​ဝေးကြီးလိုပါ​သေးတယ်​ ခင်​ဗျ ။ ဒါက​တော့ ကျွန်​​တော်​ မုန်းခန့်​ထည်​ရဲ့ ကမ္ဘာပဲ​ပေါ့ ဗျာ ။ကျွန်​​တော့ရဲ့ကမ္ဘာ​လေးက ခုချိန်​ထိ​ရိုးရှင်း​နေတုန်းပဲ ​နောက်​လည်းရိုးရှင်းစွာနဲ့ဖြတ်​သန်းရမယ်​လို့ထင်​ခဲ့မိတာ​ပေါ့ဗျာ ။

အမုန်းအဆုံးသတ်​Where stories live. Discover now