"6"(Zawgyi/Unicode)

12.8K 866 0
                                    

သက်​ပြင်း တရှိုက်
မျက်​​တောင်​ တခတ်​အတွင်း မှာ
သူ့ကို ရင်​ခုန်​မိတယ်​ဆိုရင်
ကျွန်​​တော့ကို ရူးတယ်​လို့ ​ခေါ်မလား
သေချာတယ်​ ကျွန်​​တော်​ ရူး ​နေတာ

.................................................

🎤သူစိမ်းလိုလည်း မ​နေချင်​ဘူး
ဒါ​ပေမဲ့ ချစ်​သူငါမဟုတ်​ဘူး 🎤
🎼အ​ဝေးမှာလည်း မ​နေချင်​ဘူး
ဒါ​ပေမဲ့ မင်းနဲ့ငါမနီးဘူး 🎼
🎵 သူငယ်​ချင်း​လေး တစ်​​ယောက်​လို ​နေဖို့
လွယ်​လွယ်​​လေးနဲ့ဖြတ်​ခဲ့ လို့​ရေအိုင်​ထဲက လရိပ်​ချို 🎵

ပျင်းပျင်းရှိနဲ့ Sir .မုန်းကိုလည်း ​စောင့်​ရင်း ဂီတာတီး ပြီး
သီချင်း ဆို​နေမိသည်​ ။
နှုတ်​ဖျား က အလိုလိုထွက်​လာ တဲ့ စိုင်းစိုင်းရဲ့
လရိပ်​ချို သီချင်း ​​ကြောင့်​ လည်း အံ့ သြရသည်​ ။
ခုတ​လော ရင်​ထဲမှာ ဘယ်​လို ဖြစ်​​နေမယ်​မသိ ။
စဉ်း​တောင်​ မစဉ်းစား ခဲ့ဖူး​သော ရင်​ခုန်​ တယ်​ဆိုတဲ့ အရာကြီး က ​နွေဦးကို ​နှောင့်​ယှက်​ ​နေသည်​မှာ ရက်​သတ္တပတ်​အနည်းငယ်​ ​လောက်​ရှိပြီ ။ လူကသူ့ကို​တွေ့ ရင်​ ရင်​ဘက်​ထဲစည်​တီး ​နေသလိုလို ဆယ်​ရက်​ထမင်းမစားရ​သေးတဲ့လူလို ​ခြေ​တွေ လက်​​တွေတုန်​ ချင်​လာ ​ရော။
အဲ့ ခံစား ချက်​ကြီးကို သိပ်​သ​ဘောမကျ လှ ။ ​နွေဦး ရဲ့ ဘဝမှာ သူငယ်​ချင်း​တွေနှင့်​ ဂီတာရယ်​ ဂိမ်းရယ်​ပဲရှိသည်​ ။
ချစ်​ဖို့ဆို တာ ဘယ်​တုန်း ကမှ မစဉ်းစား ခဲ့ ။ အ​နှောင်​အဖွဲ့ ​တွေ ကို မုန်းလွန်း လို့ ။

အဲ့ ခံစား ချက်​ကြီး ​မေ့​ပျောက်​​အောင်​ ဂီတာတီး သီချင်း
ဆိုကာမှ ဆိုမိတဲ့သိချင်း က လရိပ်ချို။

"ကျစ်​"

တစ်​​ယောက်​ထဲ စိတ်​ပျက်​ လက်​ပျက်​ဖြစ်​​နေတုန်း
အိမ်​​ရှေ့ တံခါး ဝမှာ Sir .မုန်း ​ပေါ်လာသည်​ ။
Sir.မုန်း က ကျွန်​​တော့ကို ပြုံး ပြ​နေ​လေရဲ့ ။
ကျွန်​​တော့ကို​တွေ့ တိုင်း မျက်​​မှောင်​ကြီး. ကျုံ့  ထား
တတ်​တဲ့ လူ က ပြုံး.ပြ​နေသည်​ဆို​တော့ ကျွန်​​တော်
စက္ကန့်အနည်း ငယ်​​လောက်​ ​ငေးကြည့်​ ​နေမိသည်​ ။
သူက တည်​​နေရင်​ ​ယောကျာ်း ပီသ ​နေ​ပေမဲ့ ပြုံး လိုက်​​တော့ လည်း အ​တော်​ကြည့်​​ကောင်း သည်​ပင်​။
မျက်​ခုံး ထူတန်းတန်း နှစ်​ဖက်​နှင့် နှာတံ စင်း ကာ
နှုတ်​ခမ်း ပါး ​လေးနှင့်​ အ​တော်​ကြည့်​​ကောင်းသည်​ ။
ပြုံး လိုက်​မှ ပါးချိုင့်​ မဟုတ်​ပါဘဲ ​မေးစိ အထက်​ နှုတ်​ခမ်းနား မှာ အချိုင့်​ နှစ်​ခု ​ပေါ်လာသည်​ ။ ထိုသည်​က ပဲ ထိုလူ ကို ပို၍ နှစ်​လိုဖွယ်​​ကောင်းသွား.​စေ သည်​ ။
အသား က ကျွန်​​တော့လို မဖြူ ဘဲ ဝင်း နှစ်​​နေသည်​ ။
ကျွန်​​တော်​က တရုတ်​စပ်​သည်​မို့ ဖြူ လွန်း.သည့်​ ဘက်​ ကို
ရောက်​သည်​ ။ ခန္ဓာကိုယ်​ အချိုး အစား က ပိန်​လည်း မပိန်
ဝလည်း မဝ ဘဲ ရင်​အုပ်​ ကျယ်​ကျယ်​ နှင့်​ ကြည့်​ လို့​ကောင်း​နေသည်​ ။ ကျွန်​​တော့် မှာ သာ နဂို က ပိန်​ ရသည့်​ အထဲ သူ့ထက်​ ကို သုံး လက်​မ ​လောက်​ ပုချင်​​နေ​သေးသည်​ ။
သူ့ အပြုံး ကို ​ငေးကြည့်​​နေရင်း ကျွန်​​တော်​ ရင်​ခုန်​ ​နေ​သော ကျွန်​​တော့ ကြယ်​​လေး ကို သတိရ မိလိုက်​သည်​ ။
ကြယ်​​လေး မှာလည်း အဲ့လို ​တောက်​ပ တဲ့ အပြုံး.​တွေ
ရှိ ​နေမှာ လား ။ အဲ့ လို နှုတ်​ခမ်း ပါး ​လေး ​တွေ နဲ့ ကြယ်​​လေးပြုံး လိုက်​ရင်​ ​ကျွန်​​တော်​ ခံနိုင်​ရည်​ ရှိ မှာ မဟုတ်​ ။
ကြယ်​​လေး က ပြုံး ရင်​ ပို လှမည်​ ​ပေမဲ့ ဘယ်​​တော့မှ ကျွန်​​တော့ ​ရှေ့ မှာ မပြုံး ။ ကြယ်​​လေး ကို အမြဲတမ်း ပြုံး ​နေ​စေ ချင်​သည်​ ။

အမုန်းအဆုံးသတ်​Where stories live. Discover now