"40"

10.4K 594 25
                                    


"  I love you baby "

အ​ပြော ခံရတဲ့ ​ကောင်​​လေးရဲ့ မျက်​ ဝန်း​လေး​တွေ
တောက်​ပ လို့ ။
ပါး​လေးနှစ်​ဖက်​က ရဲထ လာ ပြီး မျက်​နှာကို
ဟိုး​အောက်​ဆုံးထိငုံ့ ချလိုက်​၏။ တိုး​ဖျော့တဲ့
လေသံ​လေးက ​အောက်​ဘက်​က​နေအထက်​ဘက်
သို့လျှံတက်​လာ၏။

" Me too "

" Yayy really "

ဝမ်းပန်းတသာ ​အော်​ဟစ်​ပြီး Justinသူ့အ​ရှေ့က
ကောင်​​လေးကို ခါးမှ ​ပွေ့ ချီကာ ​မြှောက်​ပင့်​လိုက်​၏။
နှစ်​ပတ်​သုံးပတ်​ ​ဝေ့ယမ်း​နေ​လေ​တော့ ​ကောင်​​လေး
ဆီက မချွဲ နွဲ့ ​နေ​ပေမဲ့ ကြည်​မြတဲ့ ရယ်​ သံ​လေး ​တွေ
ထွက်​လာ၏။

"ဟားဟား ​အောက်​ချ​ပေး​တော့​လေ မူး​နေပြီ"

ထို​ကောင်​​လေးရဲ့ အ​ပြော​ကြောင့်​ Justin
အသာအယာ ပြန်​ချ​ပေးလိုက်​ပြီး သူ့နဖူးနဲ့
ထို​ကောင်​​လေး နဖူးကိုဆွဲ ထိထားကာငြိမ်​သက်​​နေ
ပြန်​၏။

" အဲ့​လောက်​ ​တောင်​​ပျော်​ ​နေလား just "

Justin ကို ထို​ကောင်​​လေးက justလို့ အဖျား
ဆွတ်​​ခေါ်တာ ဖြစ်​သည်​။

" more more more happy baby "

သွားတက်​တစ်​ဖက်​ လက်​ကနဲ ​ပေါ်​လောက်​​အောင်
ပြုံး ​နေတဲ့ Justကိုကြည့်​ကာ ကျွန်​​တော်​လည်း
ပျော်​ရပါသည်​။ ဒီအချိန်​မှာ လူမျိုးခြားတာ​တွေ
ဘာသာခြားတာ​တွေ ​နေထိုင်​မှု ပုံစံယဉ်​​ကျေးမှု
မတူ တာ​တွေ ကို ​ခေါင်းထဲ မထည့်​ထား ချင်
သေးပါ။ဘာသာ​တွေ ယဉ်​​ကျေးမှု​တွေ မတူညီခဲ့​ပေမဲ့
တူညီတာတစ်​ခုက ​ယောက်ျား​လေး ဆို​သောဖြစ်​တည်
ခြင်းပင်​။ ရယ်​စရာ​တော့​ကောင်းလှသည်​။
အ​ရေးမပါတာ ​တွေ ခြားနားပြီး အ​ရေးပါ​သော
အချက်​မှာ လာတူ​နေတာက ​တော့ တစ်​ခုခုကို
အပြစ်​တင်​ရမည်​လား ။
ဒါ​ပေမဲ့ Justကို မိန်းမအ​နေနဲ့ ဆိုရင်​​ရော ?
သူချစ်​နိုင်​မှာ မဟုတ်​ပါ ။ ဒီအတိုင်း Justဖြစ်​​နေလို့
ချစ်​ခဲ့တာ ။

ထိုအချိန်​မှာ​တော့ အ​ပျော်​ဆုံး လူသားကို ပြပါဆိုရင်
Justနဲ့ ဇွဲတမန်​ သာ ဖြစ်​ ​ပေလိမ့်​မည်​။

အမုန်းအဆုံးသတ်​Where stories live. Discover now