"22"

8.9K 643 20
                                    


တိတ်​ဆိတ်​တဲ့ ညရယ်​ ညင်းသွဲ့ သွဲ့ ​လေညင်းရယ်
မပြည့်​ ​သေးတဲ့ လခြမ်း​ကွေးရယ်
ချစ်​သူ့ မျက်​နှာရယ်​ ​ငေးကြည့်​ရင်း
ဝိုင်​တစ်​ခွက်​မလို စာတစ်​အုပ်​မလိုဘဲ
ညက​လေးဟာ သာယာ ခဲ့ပြီ

နှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​ ​နေ​သော ကိုယ့်​ချစ်​သူရယ်​​လေ
လှပ​သော မျက်​လုံး တို့ကို ​စေ့ ပိတ်​ထား တဲ့ မျက်​ခွံ ​တွေ
ကြောင့်​ မြင်​​တွေ့ ခွင့်​မရ ​ပေမဲ့ သူဒီလို အိပ်​​နေတဲ့
အချိန်​ မှ လွတ်​လွတ်​ လပ်​လပ်​ ​ငေးကြည့်​ခွင့်
ရှိတာမို့ ရတဲ့ အခွင့်​အ​ရေးကို လက်​လွတ်​မခံချင်​ ။

ဆံပင်​​တွေက တို ကပ်​ကပ်​သာ ညှပ်​ထား သည်​မို့
မျက်​နှာ​ပေါ် ဖြာ မကျ​နေ​ပါ။
ထို့​ကြောင့်​ပင်​ သူ့မျက်​နှာ ​ချော​ချော ကို တစ်​ဝ ကြီး
ငေးကြည့်​​နေလို့ရသည်​ ။

တည်​တည်​​ဖြောင့်​​ဖြောင့်​ နဲ့ ကျွန်​​တော်​ ချစ်​ရ​သော
ဤ ​ယောကျာ်း ​သား က နုနွဲ့ ​နေတာမဟုတ်​၍
နဖူး​ပေါ်က ဆံယဉ်​စ လည်းသပ်​​ပေးစရာ မလို သလို
ပါးက​လေး ကိုလည်း ဖွဖွ ညင်​သာ ပွတ်​ ​တိုက်​နေစရာ
မလို ။ ကျွန်​​တော်​ချစ်​မိတာ ​ယောကျာ်း​လေး ဖြစ်​​နေတဲ့
အတွက်​ ကြင်​နာ မှုကို ပြဖို့ ဘယ်​လို ​နေရာက စရမလဲ
ဆိုတာမသိ ။ သိခဲ့ရင်​​တောင်​ သူသိ​အောင်
ထုတ်​​ဖော်​ပြမှာမဟုတ်​ပါ ။

သူ့ကို ဘယ်​ က စချစ်​ခဲ့ ပြီး ဘယ်​​လောက်​​ထိ ချစ်​ရဦး
မယ်​ဆိုတာ မသိ ။ ​လော​လောဆယ်​​တော့
သူ့အနား မှာ ​နေနိုင်​ သ​လောက်
ကပ်​ ​နေဦးမည်​ ။
သူ့ဘဝသူ ​လျှောက်​လှမ်းသွားတဲ့ အခါ
ကျွန်​​တော်​ ဘယ်​လို ကျန်​ခဲ့ ရမလဲ ဆိုတာ ကို
ကြို မ​တွေး ​တောချင်​ ။
လက်​ရှိမှာ သူ့အနား ​နေနိုင်​သ​လောက်
နေဖို့ က အ​ရေးကြီးသည်​ ။

တစိမ့်​စိမ့်​ ​ငေး​မောကြည့်​ရင်း တရိပ်​ရိပ်​ တိုးဝင်​လာတဲ့
ချစ်​စိတ်​ကို တား မရ ​သောအခါ
နှုတ်​ခမ်းဖျား က ချစ်​သူ့ နဖူး ထက်​ ဝယ်
ခေတ္တခဏ ခိုနား ၏ ။
တခဏ ​လေး.ပါပဲ ။
တစက္ကန့်​ ရဲ့ ​လေးပုံ တစ်​ပုံ ​လောက်​ပင်​ မကြာလိုက်​ပါ ။
သူနိုးသွား မည်​ လား.အသိဖြင့်
အလျင်​အမြန်​ တပ်​ပြန်​ဆုတ်​ ရသည်​ ။

အမုန်းအဆုံးသတ်​Where stories live. Discover now