"52"

10.7K 619 52
                                    

အိမ်ကပြန်လာပြီး နောက် နှစ်ယောက်သားစကား မပြောဖြစ်ကြ ။နွေဦး ကလည်းအခန်းထဲ ၀င်သွားပြီးနောက် ပြန်မထွက်လာတော့သလို။ မုန်းခန့်ထည်ကလည်း အိမ်ရှေ့မှာထိုင်ရင်း ငိုင်တိုင်တိုင် ဖြစ်နေသည်။

မမက နှစ်ယောက်လုံးကို အိမ်မှာအိပ်ဖို့ ပြောပေမဲ့ ဒီ မျက်နှာနဲ့ဘယ်လိုနေကြရမှာလဲ ။
နှစ်ယောက်လုံးကို လက်သင့်ခံ တယ်၊ နားလည်ပေးတယ်ဆိုပေမဲ့ သူတို့ ရှေ့ မှာတော့မျက်နှာပြောင်တိုက် ပြီးနှစ်ယောက်လုံး တစ်ခန်းထဲ ၀င်အိပ်လို့ မကောင်း။ နွေဦး မျက်နှာလေးကလည်း အနေ ခက် နေသလို ဖြစ်နေတာမို့ မမ ရဲ့ တောင်း ဆိုမှု ကြားထဲ မှာမှ ရအောင် ပြန်ခဲ့ လိုက်သည်။ ကျွန်တော့အဖြစ်က
အိမ်ကဆင်းခဲ့ တာလား၊ ချစ်သူနဲ့ အတူတူ နေကြပြီလားဆိုတာ တောင် မသေချာ မရေ ရာသေးပေ။

အခုလည်း နှစ်ယောက်လုံးက ချစ်သူ စဖြစ်စ သူတွေ လို ဖြစ်နေတော့ မျက်နှာချင်းဆိုင်ဖို့က
ခပ်ရှိန်းရှိန်းဖြစ်နေကာ ယခင်ကလို ရင်းရင်းနှီးနှီးပြောဆိုရမည့်နေရာမှာ ရှက်ရွံ့ ရင်ခူန်မှုက အစားဝင်ရောက်လာ၏။အရင်တုန်းကဆို သူမုန်းနေရင်တောင်မှ မျက်နှာချင်းဆိုင်ပြီးဖြေရှင်းရဲခဲ့ ပေမဲ့ ယခုလိုမျိုး တည်ငြိမ်ပြေလည် လာတဲ့ အခြေအနေ မှာ နွေဦးကို တွေ့ ရင် မြင်နေရရင် တိုးသဲ့သဲ့ ငြင်သာသာခုန်လှုပ်လာတဲ့ရင်ခုန်သံ နွေးနွေးက အိမ်မြှောင်ဥ ကိုင်ထားမိတဲ့ လူတစ်ယောက်လို တစ်ထစ်ထစ်တုန်လှုပ်နေပုံက ပိုပြီးကြောက်ဖို့ ကောင်း လေသည် ။ ထို့ကြောင့်ခပ်ခွာခွာ နေမိတော့ ရလာသောအကျိုးဆက်က နေစရာဘုံ ပျောက်စေခြင်း။

နွေဦး ရှိ နေသော အခန်းလေးကို ခပ်တွေတွေကြည့်ရင်း ပိုင်ဆိုင်ရပြီလား ဟူသော အတွေးကနွေဦးမှာ ပတ်ဖြန်းလိုက်တဲ့ မိုးသက်လေလို အေးချမ်းမှုကိုခံစားနေရပေမဲ့လည်း တစ်စုံတစ်ခုကို စိုးရိမ်စိတ်က ၀င်လာပြန်သည်။ နွေဦးတို့ မိဘတွေရော မမ တို့လိုနားလည်ပေးနိုင့်ပါ့မလား။ သေချာတာကတော့ ကန့်ကွက်မှာကတစ်ရာ၇ာခိုင်နှုန်းပင် ။ သို့သော် သဘောတူမတူထက် နွေဦး စိတ်ထိခိုက်မှာကို သူ စိုးရိမ်လှသည်။နွေဦးသည် ယခု ကိုယ့် အပေါ်စိတ်ပါနေပေမဲ့ မိဘများနဲ့ ယှဉ်လာရင် ရွေးချယ်နိုင်ပါတော့မလား။နွေဦး စိတ်ကို ယုံပေမဲ့ ကံကြမ္မာကိုတော့မယုံရဲသေးပါ။ကံတရား၇ဲ့ ကျီ စယ်မှုကြောင့် နှစ်များစွာလောက်ဝေးကွာခဲ့ ရပြီးပြီ။
ထပ်​ပြီး ​ဝေးရရင်​ ​သေနိုင်​ဖွယ်​ပင်​ ။

အမုန်းအဆုံးသတ်​Where stories live. Discover now