"3"(Zawgyi/Unicode)

19.2K 990 0
                                    

" ​နွေ ဦး ဒီနှစ်​မင်းဆယ်​တန်းပြန်​​ဖြေရမှာ​နော်​ မင်းကို ကျူရှင်​အနီးကပ်​ သင်​​ပေးဖို့ guideတစ်​​ယောက်​ ငှါး​ပေးမယ်​ '

"ပြီး​ရော ​ဖေ​ဖေ ရာ ငှါးချင်​ သပဆိုလည်းငှါး.ဒါ​ပေမဲ့ ​အောင်​ဖို့ ​တော့ကျွန်​​တော်​ က အာမခံမှာမဟုတ်​ဘူး​နော်​ "

" ဘာ ​ပြောတယ်​ ​ဟေ့​ကောင်​ ​မေကြီး မင်း 'သားကို ကြည့်​​ပြော "

ဒီလိုပါပဲ ​ဖေကြီးက ကျွန်​​တော့ကို​ပြောမနိုင်​ရင်​ ​မေကြီးဘက်​လှည့်​တာ ​မေကြီးဆိုက​ဖေကြီးဘက်​ပါမယ်​ထင်​ လို့လား

အန်​တီက​တော့Noပါကွယ်​ ​ပေါ့

" ​ဖေကြီးရယ်​ သားက စာနဲ့လည်းကင်းကွာ​နေပြီ အလုပ်​က​လေးတစ်​ခုပဲ ​ပေးလုပ်​လိုက်​ရင်​မ​ကောင်းဘူးလား "

" ဆယ်​တန်းမ​အောင်​ဘွဲ့ မရဘဲနဲ့ ဘာ အလုပ်​မှ​ပေးမလုပ်​နိုင်​ဘူး.အရင်းအနှီးလည်းမ​ပေးနိုင်​ဘူး ငါတို့အမျိုးက ဘွဲ့ရပညာတတ်​ အမျိုးကွ ပညာ​ရေး​တော့အ​လေးထားတယ်​ "

" ဘာလဲ ရှင်​က ကျွန်​မကို ​လှောင်​​နေတာလား စကားကိုတည့်​​ပြော ရွဲ့ မ​ပြောနဲ့ "

စလာပါပြီ ​ဖေကြီးနဲ့​မေကြီးရဲ့ ပညာတတ်​ရန်​ပွဲ
ဖေကြီးက ဘွဲ့ ရ ဖြစ်​​သော်​လည်း ​မေကြီးက ဆယ်​တန်းပင်​မ​အောင်​ အငယ်​ဆုံးသမီးမို့လည်း အလိုလိုက်​ထားကာ ဆိုချင်​သလိုဆိုးသည်​ ။ဆယ်​တန်းကို နှစ်​နှစ်​​ဖြေပြီး​တော့ စိတ်​မပါ​တော့ဆိုက ပြန်​မ​ဖြေ​တော့ပဲ စီးပွား​ရေးသာလုပ်​ခဲ့သည်​ ။ဖိုးဖိုးတို့ကလည်း သမီးသ​ဘောအတိုင်း သာ ဖြစ်​​စေခဲ့သည်​ ။ငယ်​ငယ်​ရွယ်​ရွယ်​နှင့်​စီးပွား​ရေးလုပ်​ချင်​သည်​ကို ဂုဏ်​ယူကာ ဆိုင်​​တွေဖွင့်​​ပေးအရင်းအနှီး​တွေထုတ်​​ပေးခဲ့ သည်​ပင်​ ၊ဒါ​ကြောင့်​ ​နွေဦးကိုလည်း ဆယ်​တန်းပြန်​မ​ဖြေခိုင်းတာမထူးဆန်း​တော့

" ရွဲ့ ​မ​ပြောဘူးကွ ငါ့သားငါပညာတတ်​ဖြစ်​​စေချင်​တာ ဘာများကြီးကျယ်​သွားလဲ "

" ​တော်​ပါ​တော့ ​ဖေကြီးရာ မနက်​စာ ကို ​အေး​ဆေး​လေးစားပါရ​စေ ၊ ​ဖေကြီး guideငှါး​ပေးမယ်​မလား ငှါးခဲ့ ​ပေး
ဒါ​ပေမဲ့ ဒီနှစ်​မ​အောင်​ရင်​​တော့ ကျွန်​​တော့ကိုအတင်းမတိုက်​တွန်းနဲ့ ​တော့ ​စီးပွား​ရေးပဲလုပ်​​တော့မယ်​ ​okတယ်​​နော်​ "

အမုန်းအဆုံးသတ်​Where stories live. Discover now