"31-2"

9.6K 670 29
                                    


ရေ ချိုး ခန်းထဲမှာ အဝတ်​လဲဖို့ ပြင်​​တော့မှ
သတိရ ​တော့သည်​ ။
နွေဦးအဝတ်​အစား​တွေ ဒီမှာမှမရှိ​နေတာ ..
ခုနကချွတ်​လိုက်​တဲ့ အကျီ င်္က လည်း
ရေ​တွေစိုကုန်​ပြီ
ဝတ်​လို့မရ​တော့ ..

နွေဦးကို ကြည့်​ လိုက်​​တော့ လည်း
အ​ပေါ်ပိုင်းဗလာနဲ့ လက်​​က​လေး နှစ်​ဖက်​ ကို
ပိုက်​ ကာ ကိုယ်​ကို ကျုံ့  လို့
အေး​နေတာလား ရှက်​​နေတာလားဆိုတာ
မသဲကွဲ​သော်​လည်း
မျက်​နှာ တစ်​ခုလုံး နီ​နေသည်​က
ပန်းသီး ရဲရဲပမာ ....

အခု လဲဝတ်​ဖို့ အဝတ်​အပို မရှိ ​တော့
အပြင်​ကို ဒီတိုင်းထွက်​ရမည်​ ....
ဒီတိုင်းသွားဖို့က သူ့​ရှေ့​တောင်
ဒီ​လောက်​ မျက်​နှာရဲ​အောင်​ရှက်​​နေတာ
လူကြားထဲဆို ပိုဆိုး ​နေလိမ့်​မည်​ ..

ဒါ​ကြောင့်​ မထူး​တော့သည်​မို့
မုန်း အ​ပေါ်က ထပ်​ဝတ်​ထား​သော
ရှပ်​ အကျီ င်္ ကို ချွတ်​​ပေး ပြီး ဝတ်​​ပေး လိုက်​ရသည်​ ...

ဘယ်​​လောက်​​တောင်​များပိန်​သွားသလဲ ဆိုရင်
မုန်း နဲ့ ကိုယ်​တိ အကျီ င်္က ​နွေဦး နဲ့
Over siteဖြစ်​​နေ၏ ။ လက်​ရှည်​ က
လက်​ဖမိုး တစ်​ခုလုံးဖုံး​နေကာ
လက်​​ချောင်း​လေး​တွေ​တောင်​ မမြင်​ရ​တော့တဲ့အထိ
အကျီ င်္ ကပဲ ကြီးမား​နေသလား မ​ပြောတတ်​ ....

" ကိုယ့်​အကျီ င်္ ခန ဝတ်​ပြီး အခန်း ပြန်​ရ​အောင်​ "

" ဟုတ်​ "

မျက်​နှာ နီရဲ စွာ ​ခေါင်းငုံ့ ချထား​သော ​ကောင်​​လေး
ဆီက ဟုတ်​ တစ်​လုံးထဲသာ အ​ဖြေ ပြန်​ရ ၏ ။
မုန်း သူ့ အကျီ င်္နဲ့ လုံးဝင်​ ပြီး ​ပျောက်​​နေ​သော
နွေဦးကို အသည်းယားလာလို့ ထင့်​ ..
အောက်​နှုတ်​ခမ်းကို ခပ်​ဖိဖိ ကိုက်​ ထား ပြီး
လက်​က ​နွေဦးရဲ့ ဦး​ခေါင်း​လေးကို ပွတ်​​ပေးဖို့
လက်​အလှမ်း...

နွေဦးရဲ့ဦး ခေါင်း​လေး ပြန်​အ​မော့ ....

ကြည်​လဲ့​ဖြူ စင်​နေ​သော မျက်​ဝန်း​လေး​တွေ နှင့်
ကောင်​ငယ်​က​လေးသည်​ မုန်းကို
အပြစ်​ကင်းစွာ ​ငေးစိုက်​ကြည့်​ ​နေ ၏ ။
မျက်​ဆံနက်​နက်​ က​လေး​တွေ သည်
နေရာ မ​ရွေ့ ဘဲ ​ငေးစိုက်​ ကြည့်​ ​နေ ပုံက
ညို့ ဓာတ်​များပါ​နေသလို ပင်​ ..
မျက်​ဝန်းထဲက တွင်းနက်​ထဲ
ရောက်​ရှိသွားသလို ရုန်းထွက်​ဖို့ရာ ခက်​ခဲ​နေ​သေး၏ ။

အမုန်းအဆုံးသတ်​Where stories live. Discover now