"33"

9.5K 876 102
                                    


ဆေးရုံဆင်း ​တဲ့  မနက်​ပိုင်းမှာ မုန်း ​သည်
နွေဦးဆီ ​ရောက်​မလာ နိုင်​ ခဲ့
အ​ရေး​ပေါ် လူနာ ​ရောက်​လာ၍ ခွဲခန်းထဲ အကူ
အ​နေနဲ့ ဝင်​​ပေး​နေရ၏ ။

ဆေးရုံ ဝင်းထဲက ထွက်​ကာနီးကား​ပေါ် တက်​တဲ့ထိ
နွေဦး သည်​ အ​နောက်​ကို ခနခန လှည့်​ကြည့်​ မိ၏ ။
အခု ​နောက်​ဆုံး အ​နေနဲ့ ​တော့ တစ်​​ခေါက်​​လောက်
တွေ့ သွားချင်​​သေးသည်​ ။
နောက်​ဘယ်​​တော့ မှ ပြန်​ ဆုံရမလဲ ဘာ​တွေ
ဆက်​ဖြစ်​လာ ဦး မလဲ ဆိုတာ မ​ရေရာ
နေတဲ့ အ​ခြေ အ​နေမှာ မျက်​နှာ ​လေး ကို
တစ်​​ခေါက်​​လောက်​ မှတ်​သားချင်​ မိသည်​ ။

ကား​ပေါ်​ပစ္စည်း​တွေတင်​ပြီး သည့်​ ဇွဲတမန်​က
နွေဦး ​တုံ့ ဆိုင်း ​နေတာကို စိတ်​မရှည်​ သည့်​ပုံ ဖြင့်
နွေဦးဆီပြန်​​လျှောက်​ လာ ကာ လက်​ဆွဲ ​ခေါ်
သွား ​လေ ၏ ။ ကားတံခါး.ဖွင့်​ ပြီး ကား​ပေါ်တက်​​စေဖို့
အလုပ်

" ​နွေဦး "

အ​နောက်​နားဆီက ​ခေါ်သံ တစ်​ခု ..
ထိုအသံကြား​တော့ ​နွေဦးမျက်​နှာသည်
ကန္တာရ ထဲ မှာ အို​အေစစ်​ ​တွေ့သည့်​ အလား
ဝင်းပသွား.​လေ၏။ အရာအားလုံးကို သတိထား
မိ​နေသည့်​ ဇွဲ သည်​ ​မတတ်​နိုင်​ ​တော့သည့်​ ပုံဖြင့်
မတ်​မတ်​သာ ရပ်​ ​နေမိသည်​။

" ​နွေဦး အခု မင်းဘယ်​မှာ ​နေမှာ လဲ "

" ကျွန်​​တော်​ အ​ဆောင်​ မှာပဲ  ပြန်​​နေမှာပါ "

နွေဦး ရဲ့ အ​ဖြေကို မုန်း က ခနအကြာ စဉ်းစားလိုက်​ပြီးမှ

" မင်း ဒဏ်​ရာ ​တွေနဲ့ ဖြစ်​ပါ့မလား တစ်​​ယောက်​တည်း
နေလို့ "

ကိုမုန်း.ဘာကို ​ပြောချင်​​နေလဲ ​နွေဦး မသိ ပါ ။
သူ့ကို အိမ်​ပြန်​ ခိုင်း ချင်​ ​နေတာလား
အ​ဆောင်​မှာ တစ်​​ယောက်​တည်း ​နေလို့အဆင်​မ​ပြေ
မှာကို စိတ်​ပူ ​နေတာလား
မ​ရေရာ​သော​ကြောင့်​ ​နွေဦးသည်​ ​မုန်း အ​ပြောကို
ငံ့လင့်​စွာ ​စောင့်​ဆိုင်း ​နေ၏ ။

" အဲ့ဒါ ဟို.
အဆင်​မ​ပြေရင်​ ကိုယ်​နဲ့ လိုက်​​နေပါလား လို့ "

အမုန်းအဆုံးသတ်​Where stories live. Discover now